Runaway ( U )

4.4K 346 0
                                    

ဆိုင်နောက်ကျမှ ပိတ်ဖြစ်တာမို့ လူအကုန်
ပြန်သွားပေမယ့် စာရင်းကိုလည်း အပြီးသတ်လုပ်ချင်တာကြောင့် တစ်ယောက်တည်း ဆိုင်မှာ နေရစ်ခဲ့လိုက်တယ်။

" သြော် .. မင်း စောစောပြန်မလာဖြစ်ရင် ငါတို့အိပ်နှင့်မယ်နော်။ အိမ်သော့ပါသွားတယ် မလား ? "

" အင်း Goodnight Rome "

" PaPa ! Cas လည်းရှိသေးတယ် .. Cas ကိုလည်း ပြော "

အိမ်ပြန်နောက်ကျမယ့်အကြောင်း Rome ကို
ဖုန်းဆက်ပြောနေရင်းကနေ ဖုန်းလုပြောနေတဲ့ Cas ကြောင့် ပါးစပ်က လွှတ်ကနဲ

" Cas လည်း Goodnight  "

ပြောထွက်ပြီးမှ ကိုယ့်နှုတ်ခမ်းတွေကို လက်နဲ့
အမြန် ပြန်ပိတ်မိတဲ့အဖြစ် ~

တခိခိရယ်နေတဲ့ Cas အသံရဲ့နောက်မှ Rome နဲ့ လက်ဝါးချင်းရိုက်နေတဲ့အသံပါ ကြားရတာမို့ ကိုယ့်စကားကို Cas သဘောကျနေမှန်း အသိအသာ။

ရုံးခန်းထဲ ဝင်မထိုင်တော့ဘဲ အပြင်ထွက်ထိုင်ကာ စာရင်းလုပ်နေမိတာ နာရီကြည့်မိမှ
ည ၁၁ နာရီ ခွဲ ..။

ဒီလောက်နောက်ကျနေမှတော့ အိမ်မပြန်ဘဲ ဒီမှာပဲ အိပ်လိုက်ရင် ကောင်းမလား ?

နာရီဆီက တချက်ချက်အသံက ဒီ ဆိုင်ခန်း
အကျယ်ကြီးထဲမှာ တအားကျယ်နေသလို ဖြစ်နေတာနဲ့ အရင်တည်းက ခြောက်ခြားတတ်တဲ့ စိတ်ကြောင့် ဆိုင်ရှေ့ခန်းကနေ ရုံးခန်းထဲကို ပြေးဝင်လာလိုက်တယ် ။

ရေချိုးသန့်စင်ပြီးတာနဲ့ ဆိုင်မှာ အရံသင့်ထားထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီး ရုံးခန်းထဲက ဆိုဖာပေါ်မှာ ဝင်ကွေးနေရာကနေ

တခဏကြာတော့ ...

ဆိုင်ရှေ့က တံခါးဆီကနေ တကျွီကျွီနဲ့ ...
တွန်းဖွင့်နေတဲ့သံလား ? သူခိုးဝင်တာ များလား ? သော့ကို အသေချာခတ်ထားခဲ့တာမို့ အထဲဝင်လာနိုင်စရာ အကြောင်းမရှိပေမယ့် သေချာအောင် အရှေ့ထွက်ကြည့်မှပဲ။

အရှေ့တစ်ခန်းလုံးလည်း ကိုယ် ထွက်ာတဲ့အျိန်မှာ နာရီသံက လွဲလို့ ဘာသံမှမကြားရ ! အပြင်က တံခါးရှေ့မှာတော့ လှုပ်ရှားနေတဲ့အသံကြားရတာမို့ Arthit က ချောင်းကြည့်ပေါက်ကနေ ချောင်းလိုက်တယ်။

I want even your name , Arthit ( mpreg )Where stories live. Discover now