Regret ( U )

5.9K 420 7
                                    

ကားပေါ်က ဆင်းလာတဲ့အချိန် P'Arthit ရဲ့
ပေါင်ကို ဖက်ပြီး ကိုယ့်ကို ပြန်စိုက်ကြည့်နေတဲ့ ကလေးလေးကို Kongpop ကလည်း သေချာပြန်ကြည့်နေလိုက်တယ်။

ဒီကလေးလေးကို ဘယ်မှာမြင်ဖူးနေတာလဲ ?

အံ့အားသင့်ပြီး ကြောက်လန့်တကြားနဲ့ ကြည့်နေတဲ့ P'Arthit ရှေ့မှာ ရပ်လိုက်ကာ

" ကျွန်တော်နဲ့ ဆိုင်တစ်ဆိုင်မှာ စကားသွား
ပြောရအောင် "

ရှောင်ပြေးမယ်ဆိုတာ ကြိုသိလို့ P'Arthit ရဲ့ လက်ကိုဆွဲရင်း ပြောလိုက်တော့ P' ကအားကုန်ရုန်းကာ ဆွဲဖြုတ်ပြီး

" ဘာကိစ္စလဲ ? မင်းလက်က ငါ့ကို လာမထိနဲ့ Kongpop "

ကိုယ့်ကိုကြည့်ပြီး ရွံစရာအကောင်ကို မြင်လိုက်ရသလိုလိုနဲ့ ငြင်းလိုက်တဲ့ပုံစံကြောင့်
Kongpop ဒေါသတကြီးနဲ့ Arthit လက်ကို အားနဲ့ လက်ကိုပြန်ဆောင့်ဆွဲကာ အံကြိတ်ထားရင်း

" ကျွန်တော့်ကို အဲ့လိုပုံစံမျိုးနဲ့ ဆက်ဆံတာ
မကြိုက်မှန်း P' သိတယ်နော်။ ကျွန်တော်
အေးဆေးဖိတ်ခေါ်တာကို P' အေးဆေးလက်ခံလိုက် "

Kongpop စကားကြားတော့ မျက်နှာပျက်နေ
တဲ့ Arthit ရဲ့နှုတ်ခမ်းတွေက မဲ့သွားတယ်။

ဒီအချိန်မှာ P'Arthit နဲ့ စကားပြောချင်တာ
က ပိုအရေးကြီးတယ်မလား ? အရင်ကျန်ခဲ့တဲ့ အတိတ်က စာရင်းတွေကို ကိုယ်လည်း ရှင်းပစ်ချင်လှပြီ။

" PaPa ကို လာမဆူပါနဲ့ လူဆိုးကြီး ~ Romiie ဒီမှာ ဒီလူဆိုးကြီးကို ပြန်ချပေး "

ကိုယ့်ခြေသလုံးကို ခြေထောက်နဲ့ကန်ကာ ပေါင်ကို လက်သီးဆုပ်လေးတွေနဲ့ လာထုပြီး
အော်ဟစ်နေတဲ့ ကလေးလေးကို Kongpop ထပ်ငုံ့ကြည့်လိုက်တယ်။

ကလေးရဲ့အပြုအမူကြောင့် Arthit က ဆတ်ကနဲ ဆွဲခေါ်သွားရင်း နောက်မှာရပ်နေကာ မျက်နှာပျက်နေတဲ့ Rome ရဲ့ လက်ထဲ
ကို ထည့်ပေးလိုက်တယ်။

" Cas နဲ့ ဒီမှာ ရပ်စောင့်နေပေး Rome "

" Oon .. မင်း.."

" ဘာမှမဖြစ်ဘူး စိတ်ချ .. Kongpop မင်းနဲ့တော့ ငါ ဘယ်မှမလိုက်နိုင်ဘူး... ကိစ္စရှိရင်တော့ ဒီမှာပဲပြောပေးပါ "

I want even your name , Arthit ( mpreg )Where stories live. Discover now