လက်အုပ်ချီထားတဲ့လက်ကို ဆုပ်ကိုင်လာကာ ကုတင်ပေါ် ဝင်ထိုင်လာတဲ့လူကို Arthit က အလန့်တကြားနဲ့ တွန်းထုတ်ပစ်တော့ Kongpop က Arthit ကို ပက်လက်အနေအထားရောက်အောင် ကုတင်ပေါ် တွန်းချကာ လက်နှစ်ဖက်ကို လှမ်းချုပ်လာတယ်။
" ဖယ်စမ်း!! "
"အဲ့လို ရွံရှာနေတဲ့ မျက်လုံးတွေနဲ့ မကြည့်နဲ့ !"
Kongpop က Arthit ကို အော်ကာ ခြိမ်းခြောက်တဲ့အချိန်ပဲ Cas ကို ချီပြီး အခန်းထဲ ဝင်လာတဲ့ P'Earth က Arthit ပေါ် ခွထိုင်ထားတဲ့ Kongpop ကို မြင်တာနဲ့ လှမ်းအော်တယ်။
" ဒါ ဘာဖြစ်နေကြတာလဲ !? "
အောက်ချပေးလိုက်တာနဲ့ Cas က Arthit ရှိရာ ကုတင်ဘက်ကို ပြေးလာကာ Arthit ကိုယ်ပေါ်က Kongpop ရဲ့ လက်တွေကို ဖယ်ချတယ်။
" Papa ကို အနိုင်မကျင့်ပါနဲ့ !! Romiie T_T Papa ကို ဒီမှာ ဒီဦးလေးကြီးက အနိုင်ကျင့်နေပြန်ပြီ။ သားတို့ကို လာခေါ်ပါတော့ T_T "
နှာချေးတွေ တွဲလောင်းကျရင်း မျက်ရည်အရွှဲ
သားနဲ့ ကုတင်ပေါ် အတင်း ကုန်းရုန်းတက်နေတဲ့ Cas ကို မြင်နေရတော့ Kongpop က မနေနိုင်တော့ပဲ ကုတင်ပေါ် ကောက်ချီတင်ပေးလိုက်တယ်။Cas က ကုတင်ပေါ် တင်ပေးတဲ့ Kongpop ကို မကြည်ကြည့်နဲ့ လှည့်ကြည့်လိုက်ပြီးမှ Arthit ဘက်ကို ပြန်လှည့်လာကာ
" Papa ? Cas ကို ဖက်ထားပါ ? "
" သား Kong..မင်း ကုတင်ပေါ်က ထတော့ ! "
" ဘာဖြစ်လို့လဲ? ကျွန်တော်လည်း သူတို့နဲ့တူတူ နေပိုင်ခွင့်ရှိတာပဲ "
Cas က ဖက်စေချင်လို့ လက်နှစ်ဖက်ကားပြပေမယ့်လည်း Arthit က Cas မျက်နှာကိုတစ်ရှူးနဲ့ သုတ်ပေးရင်း
" ညစ်ပတ်နေတာပဲ။ ပြီးရင် အိမ်ပြန်ရောက်တာနဲ့ Rome နဲ့ တူတူရေချိုးတော့ :) ဒါနဲ့ Rome ရော P'Earth ? "
Arthit က Kongpop ဘက်ကို မကြည့်ဘဲ Earth ကိုသာ ကြည့်ပြီး တိုက်ရိုက်မေးတယ်။ ကုတင်ပေါ်မှာ ပေကပ်နေကာ မထပေးတဲ့ Kongpop ကို လက်ကနေ အတင်းဆွဲထူကာ ထခိုင်းနေတဲ့ Earth က
" P'Earth အိမ်ပြန်ခိုင်းလိုက်တာ သူလည်း
ကလေးရှာရတာနဲ့ ပင်ပန်းနေတာဆိုတော့။
ကလေးရော Arthit ရော ပြန်ရောက်ရင် နားဖို့ လိုတယ်နော် "
![](https://img.wattpad.com/cover/140940920-288-k558363.jpg)
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...