Sympathy ( U )

5.2K 362 1
                                    

Kongpop ဆေးရုံတက်တဲ့ ည ....

ဆေးရုံအပြေးပို့ပြီးတဲ့ ညနေအထိ Kongpop ဟာ ပြန်သတိမရလာခဲ့။ ဆရာဝန်ပြောစကားအရ အိပ်ရေးပျက်ထားတာနဲ့ အတူ ပင်ပန်းနေတာပါ စုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်ဆိုလို့သာ Em က Arthit ကို အိမ်ပြန်ဖို့ ပြောလာတယ်။

Cas ကိုလည်း အဖိုးအဖွားတွေနဲ့ပဲ ပစ်ထားလို့က မကောင်း။ ပြီးတော့ အိမ်ကို Kongpop ပြန်မလာနိုင်မယ့်အတူတူ ကိုယ်ပါ ပျောက်နေရင် တမျိုးထင်သွားမှာ စိုးမိတယ်။

Aim ကိုလည်း အိမ်ပြန်လိုက်ပို့တဲ့ လမ်းမှာ Kongpop မိဘတွေ သိသွားရင် ကောင်းလာဖို့မရှိလို့ Kongpop ဆေးရုံတက်နေရတဲ့အကြောင်းကို မပြောသေးဖို့ နှုတ်ပိတ်ထားရသေး ..။

" Mae ... တော်ပါတော့ ! Kongpop ကို လိုက်ကာပေးမနေပါနဲ့တော့ "

P'Earth ?

" ခု ဆေးရုံမှာလေ နင့်မောင်က .. ဖြစ်တာလည်း နင်တို့ ကောင်းလှပါချည်ရဲ့ဆိုတဲ့ Arthit ကြောင့်မလား ? ငါ ဒီလောက် သဘောမကျပါဘူး ပြောနေတာတောင်မှ ငမ်းငမ်းတက် လိုချင်နေတာကြောင့်သာပေးစားလိုက်ရတာ .. "

ဧည့်ခန်းထဲကို မဝင်ခင်တည်းက ကြားနေရတဲ့
Khun Pan နဲ့ Earth အသံကြောင့် Arthit လည်း တံခါးအကွယ်မှာ ဝင်ပုန်းရင်းနားထောင်လိုက်တယ်။ Khun Pan အနေနဲ့ ကိုယ့််​ကို မကြည်ဖြူတာတော့ သိပြီးသား။

" Kong ကို ခုမှ ဘာလို့ ဂရုစိုက်ပေးနေတာလဲ !? Mae .. Kong ကို မွေးပြီးတည်းက Nanny လက်ထဲ ထိုးပေးထားခဲ့တာ သမီးတို့အကုန် အသိ။ Mae ပျော်ခဲ့ပါးခဲ့တဲ့အချိန်မှာ Kong ကို သမီးတို့နှစ်ယောက်ပဲ ဝိုင်းထိန်းလာခဲ့ကြတာ "

" သမီးတို့ကို မွေးပြီးလို့ လွတ်လပ်ပြီအထင်နဲ့ နေခဲ့ရာကနေ Kong ကို နှစ်တွေ အများကြီးကြာမှ ရလာလို့ မပျော်ရတော့ဘူးဆိုပြီး Mae ပစ်ထားခဲ့တာ တစ်အိမ်လုံး အသိ "

Earth အပြင် Jeer ပါ ဝင်ပြောတာကြောင့် ဧည့်ခန်းထဲမှာ အခြေအတင် ဖြစ်နေကြတဲ့ မိသားစုဆီ Arthit က လှမ်းကြည့်ရင်း Cas ကို ရှာလိုက်တယ်။

I want even your name , Arthit ( mpreg )Where stories live. Discover now