" P'Arthit "
နောက်နားက ကပ်ခေါ်လိုက်တဲ့ Kongpop ဆီက လေပူက နား,နားမှာ ဝေ့လာတဲ့အချိန် အတိတ်ကို ပြန်တွေးနေမိတဲ့ Arthit ကဆတ်ကနဲ အသိကပ်သွားရင်း
အထိတ်တလန့်တုန်သွားတဲ့ ခန္ဓာကိုယ်ကို နောက်ပြန်မလှည့်ကြည့်မိအောင် ထိန်းထားကာ
" နောက်ဆုတ်ပေး Kongpop ! မင်း ငါ့နားကို
ဘယ်နည်းနဲ့မှ ကပ်ခွင့်မရှိတာ သိတယ်နော် ..
ငါ ဒီနားမှာ ရှိတဲ့ဓားနဲ့ မင်းကို မထိုးချင်ဘူး "ကောင်တာရှေ့ကနေ နောက်ကို ပြန်မလှည့်လာရဲတဲ့ Arthit ကို Kongpop က လှောင်ချင်လို့ပဲလားမသိ.. Arthit နောက်ကျောမှာ ကပ်ရပ်ကာ ဖက်ထားတဲ့အနေအထားနဲ့ ရှေ့က ကောင်တာပေါ် လက်နှစ်ဖက် တင်လာပြီး
" P' မှာ အဲ့လိုလုပ်ရဲတဲ့သတ္တိမရှိပါဘူး ....
ကျွန်တော့်ကို ဘယ်တော့မှ အဲ့လိုမလုပ်နိုင်ဘူး ဆိုတာ ..... P' !! "စကားများနေတဲ့အချိန် Arthit ကလည်း ဓားကို အလစ်လှမ်းဆွဲတာမို့ Kongpop က လက်တွေကို နောက်က ချုပ်ကာ ထအော်တယ်။
Arthit ဘက်က ခါးခါးသီးသီးနဲ့ ငြင်းလေ
Kongpop ဘက်ကလည်း အားသုံးပြီး အတင်းအကြပ် ချုပ်ကိုင်လေပဲ။Kongpop နဲ့ အသားချင်းထိဖို့ ကြောက်နေမိတဲ့ ကိုယ့်အတွက်က ငရဲလို ..
အရင်တည်းက ဒီလို ထိကပ်မှုတွေအပေါ်မှာ
ကြောက်ရွံခဲ့ရတော့ ခုလိုအခြေအနေမျိုးမှာ
ကိုယ့်ဟာကိုယ်ပဲ မသတီတဲ့စိတ်တွေ ဝင်လာတယ်။" မင်း ဒီလိုလုပ်လေ Cas နဲ့ တွေ့ခွင့်မရှိတော့လေပဲ။ ငါ့ကို လာနှောင့်ယှက်နေတဲ့ကိစ္စ မင်း
အစ်မကိုပြောပြီး ကလေးနဲ့ လာတွေ့လို့မရတဲ့အထိ ငါ လုပ်ပစ်မယ် "ခြိမ်းခြောက်တဲ့စကားပြောလိုက်လည်း နောက်က ချုပ်ထားတဲ့ Kongpop က Arthit ရဲ့ နားရွက်ပေါ်မှာ နှုတ်ခမ်းကို လာဖိကပ်ရင်း
" P' အဲ့လိုလုပ်မယ်ဆိုတာ ကျွန်တော် မတွေးမိဘူး ထင်နေလား ? ခုချိန်မှာ ကျွန်တော့်သားကို လိုချင်ရင် သူ့အဖိုးအဖွားတွေပါလာတာနဲ့အကုန်ပြီးတယ်။ ဒါပေမယ့် ကျွန်တော် သားတစ်ယောက်တည်းကိုပဲ ခေါ်သွားဖို့အစီအစဉ်မရှိဘူး "
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...