{Unicode}
ရွေးချယ်စရာမရှိဘူး ကျွန်တော် သူ့ကိုမသတ်နိုင်ဘူး ဒါပေမဲ့ကျွန်တော့်မျက်နှာကို သူမြင်ပြီးပြီ ဒါကြောင့်
ကျွန်တော်သူ့ကိုကားပေါ်ခေါ်တင်လာလိုက်တယ်။ဘာကြောင့်ခေါ်တင်လာလည်းမေးရင်တော့ ကျွန်တော့်မျက်နှာကိုမြင်သွားလို့ပေါ့။ဒါပါဘဲ။ကားမောင်းရင်း အနောက်ခန်းက ထိုလူသားလေးကို
ပြန်ပြန်လှည့်ကြည့်ရတာအမောToiletမှာဖြစ်ခဲ့တဲ့ကိစ္စကိုသူတော်တော်လန့်သွားပုံရတယ်ဟုတ်မှာပါ လူတစ်ယောက်ကိုသေနတ်နဲ့ပစ်သတ်ရတာ ကျွန်တော့်အတွက်တော့ရိုးနေပေမဲ့ သူ့လိုနူးနူးညံ့ညံ့ကောင်လေးတစ်ယောက်အတွက်သိပ်ကိုကြောက်ဖို့ကောင်းသွားမလား။ပြိုင်ကားနီနီလေးကိုမြို့ထဲကနေမြို့ပြင်ထိမောင်းလာရင်း Jeonရဲ့အိမ်ရှေ့ကိုတောင်ရောက်ပြီ။
အိမ်ကမြို့ပြင်မှာလေ သိပ်ရီစရာကောင်းနေမှာပဲနော်နန်းတော်လိုအိမ်ကြီးက လူတွေရဲ့သွေးနဲ့ပေနေတဲ့ပိုက်ဆံတွေနဲ့ဆောက်ထားတဲ့အိမ်ဆိုရင်ကော။နန်းတော်လိုကြီးမားလှပတဲ့အိမ်ကြီးက မြို့ပြင်မှာ။ အိမ်တွင်းမှာလည်း အိမ်ရှေ့မှာကျွန်တော့်လူယုံတစ်ယောက်ရယ် nonnaရယ် ကျွန်တော်ရယ် သုံးယောက်ပေါ့ဒါမဲ့အခုတော့ တစ်ယောက်တိုးလာပြီလေ။
.
.
.ကားလေးကို ခြံထဲကတစ်နေရာတွင်ရပ်ထားခဲ့ပြီး
Jeonကားပေါ်ကဆင်းကာခြံထဲကအစောင့်ကိုခေါ်လိုက်ပြီး"ရော့ ကားပါကင်ထိုးလိုက်"
ပါကင်ထိုးဖို့ရန်ကားသော့ကိုပစ်ပေးလိုက်ပြီး
နောက်တံခါးဖွင့်ကာ မေ့လဲနေသော ကောင်လေးကိုကြည့်ကာ ရီချင်လာသလိုလိုထိုကောင်လေးကို ပွေ့ချီလာလိုက်ပြီး အိမ်ထဲဝင်လိုက်တော့ဝင်ဝင်ချင်းပဲ Nonna Minnie ကအလန့်တကြား။
"Jeonဒါဘာလဲ?"
Nonnaအံ့သြချင်လည်းအံ့သြမှာပေါ့ ကျွန်တော့်မှာ သူငယ်ချင်းဆိုတာလည်းမရှိဖူးသလို အိမ်ကိုလည်း လူမခေါ်လာဖူးဘူးလေ။
တစ်ဦးတစ်ယောက်နဲ့မှ မပတ်သက်ဖူးဘူး
ကျွန်တော့်အတွက်အဖော်ဆိုတာလည်းမလိုဘူး

ŞİMDİ OKUDUĞUN
The Mask[Completed]
RomantizmBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️