The Mask-Extra

5.5K 450 74
                                    

{Unicode}

ဒီနေ့ဆိုမောင်ဘေးနားမှာမရှိတော့တာသုံးနှစ်ရှိပြီ...

တစ်စက္ကန့်မှမေ့လို့မရခဲ့ဘူး။ နည်းနည်းနောနောပတ်သက်ခဲ့တာမှမဟုတ်တာ လွယ်လွယ်လေးမေ့လို့ရတဲ့ ဆက်ဆံရေးလည်းမဟုတ်ခဲ့ဘူး။ နှစ်ယောက်စလုံးက နင့်နင့်နဲနဲချစ်ခဲ့ကြတာလေ။

"ထယ်လေး လာသွားကြမယ်"

Jin Hyungက ဒီနေ့အပြင်ကိုရအောင်ခေါ်ထုတ်လာတယ်စိတ်ကိုအနားပေးဖို့အပျော်စီးသဘော်စီးကြမယ်တဲ့။Jin Hyungကတကယ်ကိုလူကောင်းပါ။ဂျွန်ကနောက်ဆုံးအချိန်လေးမှာပြောခဲ့တယ် "သူနောင်တမရဘူးတဲ့"သူ့ဘဝရဲ့အရေးပါတဲ့သူအတွက်လက်စားချေပေးနိုင်ခဲ့လို့သူ့လုပ်ရပ်တွေကိုသူကျေနပ်ခဲ့မယ်ထင်တယ်။

ရေလည်ခေါင်က သဘော်ဆီကို လှေနဲ့တစ်ဆင့်သွားခဲ့ရပြီးအနီးရောက်လာလေလေ ထိုအပျော်စီးသဘော်ကြီးက ပိုကြီးလာလေလေ။ တော်တော်လေးလည်းလှသည်။ အထဲရောက်တော့ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်လိုက်တာ သဘော်ပေါ်မှာမြို့ကြီးတည်ထားတဲ့အတိုင်းဘဲ။

"မောင်သာရှိရင်ကောင်းမှာဘဲ"

အတွေးတိုင်းကိုမောင်ကအခုထိစိုးမိုးထားတုန်း။
အခုအချိန်ထိလည်းမျက်ရည်ကျအောင်လုပ်နိုင်တုန်း။
စီးကျလာတဲ့မျက်ရည်တွေကိုဖိသုတ်ရင်း

"Hyungကျွန်တော်အခန်းထဲသွားတော့မယ်နော်"

"အင်းအင်း အခန်းထဲမှာဘဲမနေနဲ့ ဒီကိုခေါ်လာတာ အပန်းဖြေဖို့ ညရောက်ရင်ပိုစီတယ်တဲ့ ထွက်လာခဲ့နော်"

"ဟုတ်ကဲ့ Hyung"
.
.
.
အချိန်တွေကုန်လာတာ အခုဆိုညဘက်တောင်ရောက်ပြီ။ ခရီးဆောင်အိတ်ထဲမှာယူလာတဲ့မောင့်ရဲ့ပြာအိုးလေးကိုထုတ်လိုက်ရင်း ထိုကြွေအိုးလေးအပေါ်နာနာကျင်ကျင်နဲ့ဖိကပ်နမ်းလိုက်ရင်း

"မောင် အချိန်တန်ပြီ"

ညဘက်ဆိုပေမဲ့ အပျော်စီးသဘော်ဖြစ်တာကြောင့်လူတွေကအခုချိန်ထိရှိသေးတုန်း။ လူမရှိလောက်တဲ့သဘော်ရဲ့အမြှီးပိုင်းအနားကိုသွားလိုက်တော့ ထင်တဲ့အတိုင်းထိုနေရာလေးက မှောင်နေပြီး လူလည်းမရှိ။

The Mask[Completed]Wo Geschichten leben. Entdecke jetzt