The Mask-27

3.7K 348 11
                                    

{Unicode}

ညထဲကဘယ်လောက်တောင်ငိုထားလဲဆိုတာ မနက်ရောက်တော့ ဖောင်းမို့နေတဲ့ မျက်ခွံတွေကသက်သေပင်။

ခွင့်မတောင်းဘဲဝင်လာတဲ့ခြေသံ

"သား ထယ်လေး နိုးပြီလား"

"နောက်ဆိုတံခါးခေါက်ပါ သားစကားမပြောချင်သေးဘူး"

"အခုတော့ပါပါးဆီဘဲပြန်ရောက်လာပြီမလား မင်းရဲ့အကောင် မကောင်းဘူးဆိုတာသိပြီမလားအခုတော့"

"မပြောပါနဲ့သူ့အကြောင်းတွေမပြောပါနဲ့ တောင်းပန်ပါတယ်"

"Nari ဒဏ်ရာသက်သာလာရင် မဂ်လာပွဲပြန်လုပ်ရမယ်"

"ပါပါး သားဘယ်မှထွက်မပြေးတော့ပါဘူး သူနဲ့လည်းဇာတ်လမ်းတွေပြီးခဲ့ပြီ ဒါကြောင့်တစ်ယောက်ထဲနေပါရစေ မဂ်လာပွဲလည်းမလုပ်ချင်တော့ဘူး"

"အင်း ဒါပေမဲ့ဟိုကောင်လုပ်ထားလို့ သူဒဏ်ရာရထားတာအသက်ဘေးကသီသီလေးလွတ်သွားတာ အဲ့ဒါဆေးရုံကိုတော့လူနာသွားကြည့်ပေးလိုက်"

"သားအခုစိတ်တွေအဆင်မပြေလို့ ထွက်သွားပေးပါလားတစ်ယောက်ထဲနေချင်တယ်"

"ဟုတ်ပြီ သားပြန်ရောက်လာတာကိုဘဲ ပါပါးဝမ်းသာတယ်ဒါမဲ့ နောက်ရက်လောက်တော့Nariကိုသွားကြည့်
ပေးရမယ် "

"အင်း ပါပါး"
.
.
.
အိပ်ရာထဲဘဲ ပြန်လှဲနေမိတယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသလို လစ်ဟာနေတဲ့ခံစားချက်ကြီး။ နောက်ဆုံးတော့ရေချ်ိုးခန်းထဲဝင်ဖို့သာ ဆုံးဖြတ်လိုက်ရတယ်။

ရေချိုးခန်းရဲ့ နံရံမှာကပ်ထားတဲ့ လေးထောင့်မှန်အပြားကြီးပေါ်မှာပြန်မြင်နေရတဲ့ ကိုယ့်ခန္ဓာကိုယ်။လည်တိုင်နဲ့ ရင်ဘတ်တစ်လျှောက် ခါးအနှံ သူပေးထားတဲ့ အမှတ်အသားအညိုတွေ။

တစ်ကိုယ်လုံးမှာ သူ့အထိအတွေ့တွေ သူရဲ့အကြင်အနာတွေဆိုတာ နေရာမလွတ်ပါလား။

အမှတ်အသားတွေအပေါ် လက်ချောင်းလေးတွေနဲ့ထိစမ်းမိရင်း အလိုလိုကျလာတဲ့ မျက်ရည်တွေ။ သူ့ကိုသိပ်ချစ်ခဲ့တာဘဲ။

"လုပ်ရက်လိုက်တာ ဂျွန်ရယ်"

ကိုယ့်အပေါ်ရက်ရက်စက်စက် ကျောခိုင်းခဲ့တဲ့လူကိုသိပ်ချစ်နေမိတာလည်း ဝဋ်ကြွေးတစ်ခုဘဲလား။ဝဋ်ကြွေးဆိုရင်လည်းပျော်ပျော်ကြီးလက်ခံလိုက်ပါမယ်။သူ့အပေါ်မမုန်းနိုင်တာ ကိုယ့်ရဲ့အပြစ်တွေဘဲမလား။
.
.
.
ညတွင်းချင်းဆေးရုံကိုအမှီပို့လိုက်နိုင်တာကြောင့်
Jin Hyungရဲ့ဦးခေါင်းက ဒဏ်ရာကိုအချိန်မှီချုပ်နိုင်ခဲ့တယ် သွေးသွင်းဖ်ို့လိုအပ်တာကလွဲရင်သိပ်ကြီးကြီးမားမားတော့မဖြစ်သွားဘူး။

The Mask[Completed]Onde histórias criam vida. Descubra agora