The Mask-10

6.2K 620 15
                                    


{Unicode}

ရှေ့ကိုသာတည့်တည့်ကြည့်၍ကားမောင်းနေသောJeonနဲ့ဘေးကမလှုပ်မယှက်နဲ့ပါလာတဲ့ Tae Hyung

"ဝေါ့ ဝေါ့"

ရုတ်တရက်တိတ်ဆိတ်နေရာကနေအန်ချင်သလိုလိုအသံလုပ်ပြလိုက်တော့ ဘေးကိုလှည့်ကြည့်လာတဲ့Jeon

"ဟမ် ဘာဖြစ်တာလဲ ခရီးဝေးလည်းမဟုတ်ဘဲကားမူးနေတာလား"

"ခင်ဗျားကိုမပြောဘူးလား ကျွန်တော်ကားအရှေ့ခန်းမှာမထိုင်နိုင်ဘူးလို့ ... ဝေါ့"

နှုတ်ခမ်းလေးချွန်ကာ လုပ်ယူထားတဲ့အသံနဲ့
အန်ချင်ယောင်ဆောင်နေတဲ့ TaeကိုJeon ရိပ်မိသည်

"ကားအမြဲစီးဖူးတဲ့သူဆိုဘယ်မှာထိုင်ထိုင်မအန်ဘူးမင်းကရွာကတက်လာတာလား"

သူဟန်ဆောင်လုပ်တာကိုသိသွားတော့ ဘာမှဆက်မပြောတော့ဘဲ ဆောင့်အောင့်ပြီး ဆန့်ကျင့်ဘက်ကိုလှည့်သွားလေရဲ့

ဒီဟာလေး တကယ်မနိုင်ဘူး

Jeonဘက်ကTaeကိုစပြီးသွားမလားလို့ကမ်းလှမ်းခဲ့ပေမဲ့ သူဒီလိုလူရှုပ်တဲ့နေရာတွေလာရတာ ဝါသနာသိပ်မပါ သွားချင်တဲ့နေရာကိုတော့ရောက်ခဲ့ပြီ ရုပ်ရှင်ရုံကစျေးဝယ်စင်တာနှစ်ထပ်ရဲ့အပေါ်ထပ်မှာဖွင့်ထားတာကြောင့်

"စျေးဝယ်မထွက်ဖူးဘူး"
ရုတ်တရက် စင်တာကြီးကို ကားထဲကနေကြည့်ရင်း
ပြောလာတဲ့Tae Hyungကြောင့်

"စျေးဝယ်ထွက်ချင်လား"
မျက်နှာတည်တည်နဲ့သူ့ကိုမကြည့်ဘဲ ကားသော့ကိုဖြုတ်ကာမေးလာတဲ့Jeonကြောင့်

"တကယ်လား ပိုက်ဆံပါလား"

"ဟက် နောက်နေတာလား"
အမဲရောင်ကဒ်ကိုထုတ်ပြလိုက်တော့

"ဝါး လူသတ်ပြီးရထားတဲ့ပိုက်ဆံတွေဘဲဖြစ်ရမယ်
တော်ပါပြီ အဲ့ပိုက်ဆံတွေနဲ့ရုပ်ရှင်လိုက်ကြည့်ရတာတောင်လွန်နေပြီ"

ဒီကောင်လေးသိပ်ဆိုးသည် သူ့ကိုဒေါသထွက်စေမဲ့စကားများကိုသာရွေးပြောနေသည် ဒီကောင်လေးနေရာမှာတစ်ခြားသူသာဆို သေတဲ့အထိ သူထိုးမိမယ်ထင်တယ်

"တော်ပြီ ထားခဲ့တော့မယ် ငါဘဲသွားကြည့်တော့မယ်"

ခြိမ်းခြောက်လိုက်မှ Jeonအကျ်ီစလေးကိုဆွဲလာကာ

The Mask[Completed]Donde viven las historias. Descúbrelo ahora