The Mask{Final}

5.8K 458 59
                                    

{Unicode}

"ဟင်"

မောင်သွားနေတဲ့လမ်းကသူထင်နေတာများလား

"မဟုတ်လောက်ပါဘူး"

ဆက်မတွေးတော့ဘဲမောင့်နောက်သာမျက်ခြေမပျက်လိုက်မိတယ်။ဒါပေမဲ့မောင့်ရဲ့ကားလေးက သူထင်တဲ့လမ်းအတိုင်းသွားနေတာ...

တက္ကစီနဲ့ဆိုရိပ်မိမှာစိုးလို့ ဘတ်စ်နဲ့သာ နောက်သာလိုက်ရတယ် ဖြစ်ချင်တော့ မောင်သွားတဲ့လမ်းက ဘတ်စ်သွားတဲ့လမ်းနဲ့တစ်လမ်းထဲ။ ဒါကြောင့်အခုထိတော့ မောင်နဲ့လမ်းမကွဲသေးပေ။ မောင်ကားလေးလမ်းအကွေ့ထဲကိုဝင်သွားတယ်။ ဘတ်စ်ကတော့မှတ်တိုင်မှာချပေးတာမို့ မောင်ဝင်သွားတဲ့လမ်းအနောက် ခြေလျှင်လိုက်ရင်း

"ဒီလမ်း"

ပါပါးရဲ့ပိတ်လှောင်မှုကြောင့်အပြင်ကိုထွက်နေကျမဟုတ်ပေမဲ့ ကိုယ်နေတဲ့လမ်းတော့ ကိုယ်သိတာပေါ့ဟုတ်တယ်မလား။

"မောင်ဘာလို့ဒီကိုလာရတာလဲ"

အလိုမကျတဲ့အတွေးတွေကခေါင်းထဲဝင်လာရတယ်။
မောင့်ကားအနက်ရောင်လေးက ခြံရှေ့မှာရပ်လိုက်တော့ခေါင်းတွေပါ ပူထူသွားသည်။ ထိုခြံက ထယ်ယောင်းတ်ို့ခြံဖြစ်နေတယ်။

ကားပေါ်ကဆင်းလာတဲ့မောင်။ ခါးကြားမှာလည်းသေနတ်နဲ့။

"တံခါးဖွင့်"

အိမ်ရှေ့ကခြံစောင့်နှစ်ယောက်ကိုခြံတံခါးဖွင့်ပေးဖ်ို့ပြောနေတဲ့ဂျွန်။

"ဘယ်သူလဲ"

"သိစရာမလိုဘူး တံခါးဖွင့်"

"ကြိုတင်မစီစဉ်ထားရင်အပြင်လူဆို သခင်ကြီးကင်မ်နဲ့တွေ့လို့မရပါဘူး"

"ကောင်းကောင်းပြောနေတုန်း ဖွင့်လိုက်"

"မရပါဘူး"

အချိုးမပြေတဲ့အစောင့်တွေကြောင့် ခါးကြားထဲမှသေနတ်ကိုထုတ်လိုက်ပြီး ထိုအစောင့်နှစ်ယောက်ရဲ့ နဖူးတည့်တည့်ကိုသေနတ်နဲ့ပစ်လိုက်တော့ လျှင်မြန်လွန်းတဲ့ဂျွန့်ရဲ့လှုပ်ရှားမှုတွေကြောင့် ထိုအစောင့်နှစ်ယောက်တုန့်ပြန်ချိန်တောင်မရလိုက်ဘဲ သွေးအလိမ်းလိမ်းနဲ့မြေပြင်ပေါ်လဲကျသွားလေရဲ့။

The Mask[Completed]Where stories live. Discover now