The Mask-18

5.1K 462 22
                                    

UNICODE

Ting...

ကင်မိသားစုအိမ်တော်ထဲမှဖုန်းမြည်လာသံ
"ဖုန်းကိုင်လိုက်လေ ဘာလုပ်နေတာလဲ"

အိမ်အကူကဖုန်းလာနေတာကိုမကိုင်ဘဲရပ်ကြည့်နေတာကြောင့် ဟောက်မိလိုက်တော့ ပြာပြာသလဲလဲနဲ့ဖုန်းလာကိုင်တဲ့ အိမ်အကူ

"အမိန့်ရှိပါ"

တစ်ဖက်မိန်းကလေးဆီမှ

"ဒါMr.Kimတို့အိမ်ကလား"

"ဟုတ်ပါတယ် ဘယ်သူပါလဲ"

"Mr.Kimနဲ့တိုက်ရိုက်စကားပြောချင်တယ်"

ဖုန်းခေါ်လာသူမိန်းကလေးမှတောင်းဆိုလာတာကြောင့်

"ရှုပ်ရှုပ်ရှက်ရှက် ဖုန်းမပြောချင်သေးဘူး "

"Mr.Kimမအားသေးလို့ မှာချင်တာရှိရင်ပြောခဲ့ပါ ကျိန်းသေပြန်ပြောပေးပါ့မယ်"

"အော် သူ့သားအကြောင်းသတင်းပေးမလို့မသိချင်ဘူးဆိုမပြောတော့ဘူး"

"သခင်ကြီးရဲ့သားအကြောင်းတဲ့"

သားဆိုတဲ့အသံကြားတာနဲ့အတူ Mr.Kimဖုန်းချက်ချင်းကိုင်လိုက်ကာ

"ဟယ်လို"

.
.
.
ဒီနေ့ပိတ်ရက်မို့လို့Jin Hyungကလာလည်တယ်
Jin:ဟေး မင်းဒဏ်ရာဘယ်လိုနေသေးလဲ
Jeonကိုအဲ့ဒီအလုပ်တွေလုပ်လို့စိတ်ဆိုးပေမဲ့ ညီအစ်ကိုဖြစ်တာကြောင့်ကြာကြာတော့ဘယ်စိတ်ဆိုးနိုင်မလဲ ရှိတာမှဒီညီအစ်ကိုနှစ်ယောက်ဘဲရှိတာလေ

"Hyung လာလည်တာလား "

"အင်း ပိတ်ရက်လေ"

"အွန်း လာထိုင်လေ "

"အခုလိုစကားတူတူမပြောရတာတောင်ကြာပြီနော်"

"အင်း"

"ဒါနဲ့ဟိုကောင်လေးကော သူ့ကိုဒီအတိုင်းခေါ်ထားတော့မှာလား"

"အွန်း"

"ဘာကိုအွန်းလည်း အကောင်းမေးနေတာ"

"အကောင်းဖြေနေတာဘဲကို"

"ဟမ် နားလည်အောင်ရှင်းပြစမ်းပါအုန်း"

"သူနဲ့ကျွန်တော်ချစ်သူတွေဖြစ်သွားပြီ"

Jeonပြောစကားကိုမယုံကြည်နိုင်တဲ့Jinတစ်ယောက်
အံ့ဩလွန်းလို့ မျက်လုံးပြူးမျက်ဆံပြူးတွေဖြစ်ရပါတယ်

The Mask[Completed]Donde viven las historias. Descúbrelo ahora