The Mask-25

4.1K 388 59
                                    

{Unicode}

Seok Jinတစ်ယောက်ညဂျူတီလည်းဆင်းပြီးတာကြောင့် Mr.Kimရဲ့စကားကိုပြန်သတ်ိရလာသည်

"ငါသွားသင့်လား"

ဆေးရုံတစ်ခုထဲတူတူရှိနေတာကြောင့်ဒီမျက်နှာတွေဟာမြင်ရအုန်းမှာမလား မသွားရင်လည်း မျက်နှာပူရအုန်းမယ်

"သွားလိုက်မယ်ဟာ ဘာပြောမယ်မှန်းမှမသိတာ"

ဓာတ်လှေကားထဲဝင်လိုက်ရင်း အပေါ်ဆုံးထပ်ကိုသွားမည့်ခလုတ်ကိုနှိပ်လိုက်ရင်း စိတ်လှုပ်ရှားစွာနဲ့သာတက်သွားရသည် ရုံးခန်းတံခါးက ဘဲလ်ကို တီးလိုက်တော့ အထဲကMr.Kimရဲ့အတွင်းရေးမှူးကတံခါးလာဖွင့်ပေးသည်

"ရောက်လာပြီဘဲထိုင်ပါ"
ဦးစွာ Mr.Kimကစကားဆိုလာသည်

"ကျွန်တော်အိမ်ပြန်နောက်ကျမှာစိုးလို့ လိုရင်းဘဲပြောပေးပါ"

"မလောပါနဲ့ မေးစရာလေးရှိလို့ပါ"

"အင်း မေးလေ"

"ဒေါက်တာကတစ်ဦးထဲသောသားလား"

"ဟမ် ဘာတွေလာမေးနေတာလဲ တစ်ဦးထဲသားဆိုရင်ကောဘာဖြစ်လို့လဲ"

"ညီအစ်ကိုမရှိဘူးပေါ့"

"ဒါတွေမေးဖို့ခေါ်တာဆိုအချိန်မရှိပါဘူး ခွင့်ပြုပါအုန်း"

အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေလာမေးနေတာကြောင့်
ထထွက်ဖို့ပြင်လိုက်တယ် တံခါးဝရောက်ခါနီးမှ

"ဒေါက်တာ့ညီကJeon Jung Kookမလား"

ပြောလာတဲ့စကားကြောင့် လှည့်ကြည့်တော့မယ်အလုပ်ဦးခေါင်းနောက်သို့ ရောက်လာတဲ့ ပြင်းထန်တဲ့ရိုက်ချက်တစ်ခုနဲ့အတူ အမှောင်အတိကျသွားသော မြင်ကွင်း

"သူ့ကိုခုံပေါ်မှာကြိုးချည်ထားလိုက်"

ရွံမုန်းစရာကောင်းတဲ့အပြုံးကိုMr.Kimတစ်ယောက်ကျေနပ်စွာမျက်နှာထက်ဝယ် ပန်ဆင်လိုက်ရင်း

"အလိုက်သင့်ဖြေရင်တောင် ဒီလောက်ထိလုပ်မ်ိမှာမဟုတ်ဘူးဒေါက်တာလေးရေ"
.
.
.
"ဂျွန်"

ကုတင်ပေါ်ကလုံးလုံးလေးနဲ့လှဲနေတဲ့ထယ်ယောင်းကခေါင်းလေးထောင်ကာ စကားစလာတယ်

The Mask[Completed]Where stories live. Discover now