UNICODE
လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်တာကြောင့် သတင်းအချက်အလက်ကအပြည့်အစုံရလာတယ်
"မမလေး ဒီကောင်လေးကမျိုးရိုးကြီးထဲကနော်"
"အင်း ငါသိတယ် စုံစမ်းလာတဲ့ဟာတွေငါ့ကိုပေး"
Fileကိုဖွင့်ဖတ်ကြည့်လိုက်တော့
"အော် သူဠေးကြီးကင်ရဲ့သားဘဲ သူ့ဖုန်းနံပါတ်ကောစုံစမ်းလာလား?"
"အကုန်ပါပါတယ်"
"အင်း ကျေးဇူး ရော့"
စုံစမ်းခိုင်းတဲ့အလုပ်ကိုပြီးမြောက်အောင်လုပ်လာပေးတဲ့အလုပ်သမားကိုပိုက်ဆံပေးလိုက်ပြီး မျက်နှာထက်မှာမဲ့ပြုံးတစ်ခုကိုဖန်ဆင်းလိုက်ရင်း Minnieပါးစပ်မှ
နာမည်တစ်ခုကိုရေရွတ်မိသည်"Kim Tae Hyung ..Kim Tae Hyung "
.
.
.
Jeonရဲ့အခန်းနဲ့Taeရဲ့အခန်းက မျက်နှာချင်းဆိုင်ဖြစ်တာကြောင့် Jeonသူ့ရဲ့အခန်းကိုဝင်ဖို့လုပ်လိုက်တဲ့အချိန်မျက်နှာချင်းဆိုင်အခန်းမှ ထွက်လာတဲ့လေအေးတစ်ချို့အထဲမှာဘယ်လောက်တောင်အေးနေပြီလဲမသိဘူးအပြင်ထိပါအေးတဲ့ဓာတ်ကိုခံစားနေရတာ အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ လေအေးပေးစက်ကြီးဖွင်ထားပြီးအိပ်ပျော်နေတဲ့Tae Hyung လုပ်စရာမရှိတော့အိပ်လိုက်စားလိုက်နဲ့ဘဲမို့ သနားတော့သနားသည် ပျင်းနေမှာဘဲ"ကျစ် ဒီကောင်လေးကွာ "
သူအရမ်းဆိုးတယ် လေအေးပေးစက်ကြီးဖွင့်ထားပြီး
အိပ်နေတာ အကျီကလည်းပါးပါးလေးနဲ့"ဟူးးး"
ကုတင်နားသွားပြီးလက်မောင်းလေးကိုကိုင်ကြည့်လိုက်တော့အေးစက်နေတာဘဲ
လေအေးပေးစက်ကိုပိတ်လိုက်ပြီးစောင်လေးကိုဖြန့်ကာ Taeအပေါ်ခြုံပေးလိုက်ရင်း စောင်အပေါ်ကနေJeon ကဖက်ထားပေးသည်
အိပ်မောကျနေတဲ့ထိုကောင်လေးကိုဖက်ထားလိုက်ရင်းသူပါအလိုလိုအိပ်ပျော်သွားသည်
အိပ်တာတော်တော်တောင်ကြာသွားပြီဘဲ
Tae ခန္ဓာကိုယ်ပေါ်တစ်ယောက်ယောက်လာဖိထားသလိုလေးနေတာကြောင့် မျက်လုံးလေးတွေပွင့်လာကာ

KAMU SEDANG MEMBACA
The Mask[Completed]
RomansaBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️