The Mask-5

12.5K 629 32
                                    

{Unicode}

ထိုကောင်လေးကို အခန်းတံခါးပိတ်ပြီး ထားခဲ့လိုက်ရတယ်။ အောက်ထပ်ကိုဆင်းလာလိုက်ရင်း

"nonnaရော့ အခန်းတံခါးသော့ သူ့ကိုအပြင်ကိုတစ်လှမ်းမှမထွက်စေနဲ့နော်"

"အခုကဘယ်ကိုသွားအုန်းမလို့လဲ"

"barသွားမလို့ ဒီနေ့ အရှုပ်ထုပ်ကြောင့် ပင်ပန်းလာလို့"

"အဲ့အရှုပ်ထုပ်ကို မင်းဘဲလုပ်နေတာလေ"

တစ်ခါမှဒေါသမထွက်ဖူးတဲ့ Minnieက ဒီနေ့တော့ Jeon ကိုဒေါသကြီးစွာနဲ့ပြောလာသည်။

"အခုအဲ့ကလေးရဲ့မိဘတွေ ဘယ်လောက်စိုးရိမ်နေလိုက်မလဲ မင်းတကယ်ဘဲ"

"နားငြီးတယ် သွားပြီ ကျွန်တော်ပြောထားတယ်နော်
သူ့ကိုအပြင်တစ်လှမ်းမှမထွက်စေနဲ့"

ပြောလို့လည်းမရတဲ့အဆုံး လွှတ်ပေးလိုက်ရတာပါဘဲ
မိမရှိဖမရှိလေးမို့ ဒီကောင်လေး အရမ်းဆိုးသည်။

Jeonထွက်သွားသည်နှင့် အပေါ်ထပ်မှကောင်လေး
အခြေအနေကိုသိရရန် ချက်ချင်းပင်အပေါ်ထပ်သို့တက်ကာ

"ဂျောက်" တံခါးဖွင့်သံကြားတော့ အခန်းထဲမှ
ကောင်လေးက

"ဘယ်သူလဲ ကျွန်တော်အိပ်ချင်ပြီမို့ မနှောင့်ယှက်ပါနဲ့တော့"

"nonnaပါ ဝင်ခဲ့မယ်နော်"

Taeတစ်ယောက်အိမ်ထဲခေါ်သွင်းခြင်းခံခဲ့ရတုန်းက သတိမေ့ပြီး ပါလာတာကြောင့် သူ ဒီအိမ်မှာဘယ်သူတွေရှိလဲသူမသိ

အခန်းထဲဝင်လာတဲ့Minnie

"နေရတာသက်သာရဲ့လားဟင်"

"ကျွန်တော်ပြန်ချင်တယ် ကျွန်တော့်ကိုပြန်ခွင့်ပြုပါ"

"စိတ်အေးအေးလေးထားပါအုန်း nonnaမင်းကိုဘာ
မှမလုပ်ပါဘူး "

"တောင်းပန်ပါတယ် ကျွန်တော့်ကိုလွှတ်ပေးပါ"

အားကိုးတကြီးနဲ့တောင်းပန်လာတဲ့ကောင်လေး

The Mask[Completed]Donde viven las historias. Descúbrelo ahora