The Mask-20

5.7K 404 27
                                    

{Unicode}

"ဒီလိုဘဲဖြစ်ရမယ် သား"

"တစ်ခုတော့တောင်းဆိုစရာရှိတယ်"

"ပြောကြည့်လေ"

"အပြင်တစ်ခါသွားခွင့်ပေး "

"အဲ့တာတော့မရဘူး မင်းထွက်ပြေးသွားရင်ရော"

"ဟင့်အင်း အိမ်ကကားသမားထည့်ပေးလိုက် "

Tae Hyungရဲ့အဖြေကြောင့် သဘောကျသလိုလိုရှိလာတဲ့Mr.Kimက

"ဟုတ်ပြီ ခဏဘဲနော် ငါ့သားကလိမ္မာတယ်"

"အင်း "

စကားစကိုမြန်မြန်ဖြတ်လိုက်ပြီးသာ အခန်းထဲပြန်တက်သွားလိုက်ရတယ် အခုထိအခန်းထဲကမထွက်သေးတာကNari

"မင်းအောက်ထပ်ကိုဆင်းတော့"

"သွားမှာပါ ဒါဘဲ"

ဒေါက် ဒေါက် ဒေါက် ဒေါက်နဲ့ ဒေါက်ဖိနပ်သံကိုမြည်အောင်လျှောက်ပြီးထွက်သွားတဲ့Nari

Tae Hyungရေမိုးချိုးပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့
အဖြူရောင်ရှပ်နဲ့ဘောင်းဘီရှည်အပွလေးကိုဝတ်လိုက်ရင်း

"ဟူးး"
သက်ပြင်းချမိတယ်

အဝတ်အစားဝတ်ပြီးတာကြောင့်ပါပါးကိုတောင်းဆိုထားတဲ့အတိုင်း အပြင်သွားဖို့ရန် အောက်ထပ်ကိုဆင်းလာလိုက်တော့ Hanသားအဖနှစ်ယောက်ကမပြန်သေး

Mr.Hanကလှမ်းမေးတယ်

"သားဘယ်သွားမလို့လဲ"

"တစ်နေရာပါ"

"သမီးလေးကိုအဖော်ထည့်ပေးလိုက်ရမလား"

"ရတယ် အိမ်က ကားမောင်းတဲ့သူနဲ့သွားမှာမို့အဆင်ပြေတယ် သွားလိုက်ပါအုန်းမယ် "

သူတို့ကြားက စကားဝိုင်းကိုMr.Kimကတော့ဝင်မပြောဘဲနားသာနားထောင်နေသည်
Taeတစ်ယောက်ခါးကိုကိုင်းကာ နှုတ်ဆက်လိုက်ပြီး
အပြင်ကိုထွက်လာခဲ့ရတယ်

ကားမောင်းတဲ့လူကိုလိပ်စာတစ်ခုပြောပြီးမောင်းခိုင်းလိုက်တော့ မြို့ပြင်ကိုထွက်လာတဲ့ကားလေး

ကားပြတင်းပေါက်ကိုအဆုံးထိဖွင့်လိုက်ရင်း တိုးဝင်လာတဲ့လေညှင်းလေးတွေကို မျက်စိမှိတ်ထားပြီး ခံစားနေလိုက်တယ်

The Mask[Completed]Onde histórias criam vida. Descubra agora