{Unicode}
ကားထဲရောက်လာပြီဖြစ်တဲ့Tae Hyung
ကားသော့ကိုထိုးပြီး မောင်းဖို့ပြင်လိုက်တယ် ဒါပေမဲ့ လက်တွေကမရွေ့ဘူး အခုJeonကစျေးဝယ်နေတုန်း သူ့ကိုကားသော့ထားပေးခဲ့တာကြောင့် သူထွက်ပြေးချင်ရင်အလွယ်တကူဘဲ ဒါပေမဲ့ တုံ့ဆိုင်းနေမိတယ် ဘာကြောင့်မှန်းမသိ ထွက်မသွားချင်ခဲ့ဘူးအတွေးတွေကိုရပ်လိုက်ပြီး ကားနောက်ခန်းကိုသာဝင်ထိုင်လိုက်တယ် သိပ်မကြာပါဘူး Jeonလည်းကားထားရာနေရာသို့ရောက်လာတော့
"လိမ္မာသားဘဲ ကားယူပြီးထွက်ပြေးသွားပြီတောင်
ထင်တာ"ဝယ်လာတဲ့ ဘောင်းဘီအထုတ်ကို နောက်ခန်းက Taeဆီပေးလိုက်ရင်း
"ကားသော့ကော"
"အဲ့မှာထိုးထားတယ်လေ မတွေ့ဘူးလား"
ကားသော့ထိုးထားပြီး စက်နှိုးထားပုံရတော့
သူထွက်ပြေးဖို့ကြိုးစားခဲ့တာလား
.
.
.
ခြံဝင်းထဲကားသံကြားတာကြောင့် Minnieတစ်ယောက်အိမ်ရှေ့ထွက်ကာ လှမ်းကြိုတော့"မင်းတို့၂ယောက်ထွက်သွားတာnonnaမသိလိုက်ဘူး ဘယ်သွားကြတာလဲ"
"ရုပ်ရှင်ရုံသွားတာ ထယ့်ကိုအိမ်ထဲမှာတော့ပိတ်လှောင်
ထားလို့မရဘူးလေ ဟုတ်တယ်မလား "ပြုံးပြပြီးစကားပြောလာတဲ့Tae Hyungပေါ်မနာလိုစိတ်ဖြစ်မိတာတော့အမှန်ဘဲ သူJeonကို စျေးသွားဖို့လိုက်ပို့ပေးရန်ပြောတုန်းက Jeonငြင်းခဲ့သည်မဟုတ်လား လူရှုပ်တဲ့နေရာမကြိုက်လို့ဆိုပြီးလေ
"အာ ဟုတ်လား ပျော်ခဲ့မှာဘဲနော်"
"မပျော်ပါဘူး "
ဘောင်းဘီထုတ်လေးကိုကိုင်ကာအပေါ်တက်သွားတဲ့
Tae Hyung
Jeonလည်းကားပါကင်ထိုးပြီးအိမ်ထဲဝင်လာတော့"မင်းသူ့ကိုဘယ်လိုလုပ်မှာလဲ သူစိမ်းတစ်ယောက်ကိုဒီအတိုင်းအိမ်ပေါ်ခေါ်တင်ထားတော့မှာလား"
ဘာကြောင့်ဒီလိုမေးမှန်းနားမလည်ပေမဲ့ သူကိုယ်တိုင်လည်းမသိဘူး တစ်ခါမှမရင်းနှီးတဲ့သူကိုခေါ်တင်လာခဲ့မိတယ်အကြောင်းအရင်းကတော့ ကျွန်တော်လူသတ်တာကိုသူမြင်သွားလို့ ဒါဘဲကျွန်တော်သိတယ်

ESTÁS LEYENDO
The Mask[Completed]
RomanceBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️