{Unicode}
နေ့လည်၁၂နာရီရောက်တော့ရင်ခွင်ထဲကကောင်လေးကလှုပ်စိလှုပ်စိနဲ့နိုးလာပါလေရဲ့
"နိုးပြီပေါ့"
Jeonအသံကိုကြားလိုက်တာကြောင့်အိပ်ချင်မူးတူးနဲ့ထထိုင်လိုက်ရင်း
"ဒဏ်ရာသက်သာလား"
မျက်လုံးမဖွင့်သေးဘဲ မေးနေတဲ့ကောင်လေးကတကယ့်ကိုချစ်စရာ
"ကျေးဇူးပါ သက်သာပါတယ် မင်းလည်းမနေ့ညက၈နာရီထဲကအိပ်လို့ဘဲနော် အခု၁၂မှနိုးတယ်"
အဲ့လိုပြောလိုက်မှ မျက်လုံးဖွင့်ကာလာစွာတဲ့ကောင်လေး
"ခင်ဗျား၃နာရီလောက်ပြန်ရောက်လာတော့အိပ်ရေးပျက်သွားတာပေါ့ အဲ့တာကြောင့်ပြန်အိပ်တော့၁၂မှနိုးတာပေါ့"
အိပ်ချင်မူးတူးနဲ့စွာနေတဲ့ ပိစိလေးဟာ တကယ်ကိုသူ့ထက်အသက်ကြီးတယ်လို့မထင်ရတာပါ
ရုတ်တရက်ပါးလေးကိုနမ်းလိုက်တော့
"ညစ်ပတ်ကြီး ဘာလုပ်တာလဲသွားလည်းမတိုက်ရသေးဘဲနဲ့"
"ချစ်မိနေပြီထင်တယ်"
"ဟင် "
Jeonအဲ့လိုပြောတော့ တကယ်ကိုအူကြောင်ကြောင်လေးဖြစ်သွားတဲ့ Tae Hyung ကိုစိတ်ရှုပ်မှာစိုးလို့
Jeonက"ဘာမှမဟုတ်ဘူး မျက်နှာသစ် ပြီးရင်အောက်မှာမုန့်သွားစား စားလို့ပြီးရင်nonnaကိုမုန့်ပြင်ခိုင်းပြီးရင် အပေါ်ထပ်ကိုယူလာပေးဒဏ်ရာနဲ့လှေကားဆင်းဖို့အဆင်မပြေလို့"
"ဟုတ်"
ရေချိုးခန်းထဲဝင်သွားတဲ့Tae HyungစောစောကJeon
ပြောတဲ့စကားကိုခေါင်းထဲကထုတ်မရသွားတိုက်နေရင်း"ချစ်မိနေပြီထင်တယ်လို့ သူပြောလိုက်တာငါသေချာကြားတယ် ဘာလဲဟ "
ခေါင်းကိုခါလိုက်ရင်း
"ရှုပ်တယ် မတွေးနဲ့တော့"
![](https://img.wattpad.com/cover/148637405-288-k311390.jpg)
VOUS LISEZ
The Mask[Completed]
Roman d'amourBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️