The Mask-19

8K 461 48
                                    

{Unicode}

မနက်၂နာရီလောက် Jeonအလုပ်ကနေပြန်ရောက်လာခဲ့တယ် သိပ်ပြီးမခက်ခဲတာကြောင့် ထိခိုက်ဒဏ်ရာတော့ရမလာခဲ့ ခြံထဲမှာကားကိုရပ်လိုက်ရင်း ချစ်ရသူရှိနေမဲ့ အခန်းလေးထဲကိုဝင်သွားလိုက်တော့ မတွေ့

"ဘယ်ရောက်နေတာလဲ"

အိပ်ခန်းထဲမှာမတွေ့တာကြောင့် အောက်ထပ်ဆင်းပြီး
မီးဖိုချောင်ထဲတစ်ခုခုစားနေမလားအထင်နဲ့သွားရှာတော့လည်းမတွေ့ ဧည့်ခန်းထဲလည်းမတွေ့ ရေချိုးခန်းထဲလည်းမရှိ

"ဟမ် ဘယ်ရောက်သွားတာလဲ"

Minnieက ခြေသံတွေကြားတာကြောင့် အိပ်ခန်းထဲကထွက်လာတော့

"ဂျွန် ပြန်ရောက်နေပြီလား"

"အင်း"

ခပ်ပြတ်ပြတ်သာဖြေလိုက်ရင်း လိုက်ရှာနေသည်
"ဘာရှာနေတာလဲ"

"ထယ်ကော"

"သွားပြီလေ "

"ဘာကိုသွားတာလဲ သူဘယ်မှာလဲ"

"မင်းမရှိတုန်း သူ့အဖေကိုလာခေါ်ခိုင်းပြီး သွားပြီလေ"

"မဖြစ်နိုင်ဘူးနော်"

"ယုံတာမယုံတာတော့မသိဘူး မင်းအခုမြင်နေတာဘဲ သူအခုအိမ်မှာရှိလို့လား"

ဟုတ်တယ် ထယ်အခုအိမ်မှာမရှိတော့ဘူးဆိုတာအထင်အရှားဘဲ ဒါပေမဲ့ ဘာလို့လည်း ဘာလို့သူ့ကိုထားသွားခဲ့တာလည်း အကြောင်းပြချက်ကိုစဉ်းစားလို့မရဘူး

"ကျစ်"

စိတ်ပျက်စွာနဲ့ငြီးတွားလိုက်ရင်း မျက်မှောင်တွေကိုကျုံ့နေမိတယ်

"မင်းကိုတောင်သံယောဇဉ်မရှိလို့ထွက်သွားတာဘဲမင်းကဘာဖြစ်နေတာလဲ"

"မဟုတ်သေးဘူး သူ့ပါးစပ်ကနေဘာလို့ထွက်သွားလဲဆိုတဲ့အကြောင်းပြချက်ကိုကြားချင်တယ် သူ့ဆီကနေကြားမှယုံနိုင်မယ်"

"မင်းတော်တော်ခေါင်းမာတာဘဲ"

Minnieစကားတွေကိုခေါင်းထဲထည့်မနေတော့ဘဲ
ခြေသံပြင်းပြင်းနဲ့သာ အခန်းဆီကိုပြန်လာခဲ့တယ်
ကုတင်ပေါ်ကိုလှဲချလိုက်ရင်း

The Mask[Completed]Donde viven las historias. Descúbrelo ahora