The Mask-15

6K 535 27
                                        

{Unicode}

တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာတာ သူစိမ်းအိမ်မှာနေနေတာ၁ပတ်တောင်ကျော်ပြီ ထုံးစံအတိုင်း အိပ်ရာထတယ် မနက်စာစားတယ် ထွေထွေထူးထူးလုပ်စရာလည်းမရှိတော့အပြင်သွားချင်ရင်တော့လိုက်ပို့ပေးပေမဲ့ ကိုယ်တိုင်ကအပြင်မထွက်ချင်ဖြစ်နေတာ

"ဒဏ်ရာသက်သာပြီလား"

ဧည့်ခန်းထဲမှာTvကြည့်နေတဲ့Jeonကိုလှမ်းမေးလိုက်တော့

"သက်သာတယ် "

၂ယောက်စလုံးဘာဆက်ပြောရမှန်းမသိတော့တာကြောင့်ဧည့်ခန်းကြီးကရုတ်တရက်တိတ်ဆိတ်သွားတယ်

လေလေးတစ်ချွန်ချွန်နဲ့Jeonဘေးနားဝင်ထိုင်လိုက်ရင်း

"မင်းဟိုနေ့ကငါ့ကိုချစ်တယ်ပြောတာအတည်လား"

မေးပြီးသွားမှကိုယ့်ဘာသာ ဘာတွေမေးလိုက်ပြီလဲ ဆိုတဲ့အတွေးနဲ့ကိုယ့်ပါးစပ်ကို လက်နဲ့ရိုက်ရင်းသာ

"မေ့နေတာ သွားလိုက်အုန်းမယ်နော် အပေါ်ထပ်ကိုလုပ်စရာရှိလို့ "

ဘေးနားကနေပြောချင်ရာတွေလာပြောပြီးထပြေးတော့မဲ့Taeရဲ့လက်ကိုဆွဲလိုက်တော့ Taeကပုံ့ပုံ့လေးသူ့ပေါင်ပေါ်ထိုင်လျက်လေးရောက်လာလေရဲ့

"လွှတ် အပေါ်တက်မလို့"

"စောစောကဘာပြောလိုက်တာလဲ"

မျက်နှာနားကိုကပ်ပြီးမေးလာတဲ့Jeonကြောင့်

"အရမ်းနီးနေပြီ"

မျက်နှာရဲရဲလေးနဲ့ရှက်နေတဲ့ကောင်လေးကိုပိုပြီးစချင်
တာကြောင့် Jeonသူရဲ့နှာခေါင်းထိပ်ဖျားလေးနဲ့Tae
နှာခေါင်းအဖျားလေးကိုသွားထိပြီးပွတ်လိုက်တော့

"အရူးကြီး ဘာလုပ်တာလဲ"

"အရူးကြီးဖြစ်သွားပြန်ပြီလား မကောင်းဆိုးဝါးလို့ပြောလိုက် လူသတ်သမားပြောလိုက်နဲ့ အခုလည်းအရူးကြီးတဲ့"

"အမှန်ဘဲကို "

"အဲ့တာဆိုထယ့်ရဲ့ကောင်လေးကောဖြစ်ခွင့်မပေးချင်ဘူးလား"

စလိုလိုနဲ့မျက်ခုံးပင့်ပြီးပြောလာတဲ့Jeonကြောင့်

"ဘာတွေပြောနေတာလဲ လွှတ်ဆို အပေါ်တက်မလို့"

The Mask[Completed]Dove le storie prendono vita. Scoprilo ora