{Unicode }
ရှပ်အဖြူကိုမှလက်မှာထိုးထားတဲ့Tatooတွေပေါ်အောင်ခေါက်တင်ထားတဲ့အကျီရယ် Body Fit ဂျင်းဘောင်းဘီအမဲရယ် Maskတပ်ထားတဲ့ မျက်နှာတစ်ခု လက်ထဲမှာသေနတ်နဲ့အခုလိုအချိန်မျိုးမှာတောင်ခင်ဗျားက ကြည့်ကောင်းနေလိုက်တာ
တံခါးကို ခြေထောက်နဲ့စောင့်ကန်လိုက်ရင်း အဆောက်အဦးအတွင်းထဲဝင်လာတဲ့Jeon
သေနတ်ကိုင်ထားတဲ့လက်ကို ခေါင်မိုးပေါ်သို့မြှောက်လိုက်ရင်း သေနတ်တစ်ချက် ဖောက် လိုက်တော့ ဆူညံသံများနှင့်အတူ ဘုရားကျောင်းအတွင်းရှိ လူအားလုံး ရုန်းရင်းဆန်ခတ်
ဖြစ်ကုန်ကြတယ်NariကTae Hyungရဲ့လက်ကိုဆွဲလိုက်ရင်း
"ဘာရပ်ကြည့်နေတာလဲ Tae Hyung သွားမယ်"ဆွဲခေါ်လာတဲ့Nariလက်ကိုဖြုတ်ချလိုက်ရင်းပြုံးပြလိုက်ကာ
"ကျွန်တော်သွားပြီ Nari"ကော်ဇောနီတစ်လျှောက် Jeonရှိရာသို့ ပြေးသွားလိုက်ရင်းJeonကို ဖက်လိုက်မိသည်
Tae Hyungတစ်ယောက်Jeonဘေးနားရောက်သွားတော့ဘုရားကျောင်းရဲ့ထိပ်ဆုံးထိုင်ခုံမှာနေရာယူထားတဲ့Mr.Kimကသေနတ်ကိုထုတ်လာပြီး
"ကင်ထယ်ယောင်း ပြန်လာစမ်း"
Mr.Kimသေနတ်ကိုထုတ်လာတာနဲ့အတူ Jeonက
သေနတ်မောင်းကိုတင်ပြီးပြန်ပစ်ဖို့ပြင်ဆင်လိုက်ရင်း Tae Hyung ကိုစကားလှမ်းပြောလိုက်တယ်"ဒီကနေထွက်ပြီးကားထဲသွားနေ"
Tae Hyungခေါင်းငြိမ့်ပြလိုက်ရင်း ထွက်သွားဖို့အလုပ်
Jeonရဲ့လက်မောင်းကို ထိုးဖောက်လာတဲ့Mr.Kimရဲ့
ကျည်ဆန်"ဂျွန်"
Tae Hyungကပြန်ပြေးလာတော့
"သွား မင်းကားဆီရောက်အောင်သွား"
ကျည်ဆန်မှန်ထားတဲ့Jeonကိုစိုးရိမ်ပေမဲ့အခုထွက်ပြေးမှဖြစ်မယ် Jeonကိုထားခဲ့လိုက်ရင်း Jeonရဲ့ကားဆီကိုရောက်အောင်ပြေးသွားလိုက်တယ်
သေနတ်ကိုင်တဲ့လက်ကိုမှ ကျည်ဆန်ကထိထားတာကြောင့်သုံးလေးချက်လောက် မချိန်ဘဲ ခန်းမထဲကိုပစ်လိုက်တော့Nariရဲ့ရင်ဘတ်ကိုထုတ်ချင်းပေါက်သွားတဲ့ Jeonရဲ့ကျည်ဆန်

VOUS LISEZ
The Mask[Completed]
Roman d'amourBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️