{Unicode}
မနေ့ညကသောင်းကြမ်းမိတာကြောင့် ထယ်တစ်ယောက်နေ့လည်ခင်းထိမနိုးလာသေး။
ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ထယ်ကိုမြင်ရတော့
"ထယ် ပင်ပန်းသွားလောက်ပြီပေါ့"အချစ်တွေကိုပေးချင်ခဲ့မိပေမဲ့ အခုလို သူပင်ပန်းနေတဲ့ပုံလေးမြင်ရတာတော့ ရင်ထဲအောင့်သက်သက်ရယ်
ဆက်အိပ်ပါစေဆိုပြီး သူမသိအောင်ခြေသံတိုးတိုးနဲ့သာ ရေချိုးခန်းထဲထွက်လာလိုက်ရတယ်ရေချိုးဇလုံမှာ ရေပူတွေအပြည့်ဖြည့်ထားပြီး ညောင်းညာမှုတွေကိုပြေပျောက်ဖို့ ဝင်စိမ်ကာ မျက်လုံးအစုံကိုမှိတ်ထားရင်းပင်ပန်းသမျှကိုဖြေဖျောက်နေမိတယ်
ရုတ်တရက် ရေချိုးခန်းတံခါးပွင့်လာတာကြောင့်ကြည့်မိလိုက်တော့ မနေ့ညက အကျီအဖြူအပွလေးကိုဝတ်လာပြီးရေချိုးခန်းထဲဝင်လာတဲ့ ထယ်
"ဟင် ဘယ်တုန်းကနိုးလာတာလဲ လမ်းလျှောက်လို့အဆင်ပြေရဲ့လား ဗိုက်ကောနာနေသေးလား"
စိုးရိမ်တကြီးနဲ့မေးလာတဲ့ဂျွန်
"ခ်ခ်"
အသံထွက်အောင်ရီမိလိုက်တော့
"ဘာရီတာလဲ"
"ဂျွန့်ပုံစံက်ိုသဘောကျလို့ ဖြေးဖြေးမေးလဲရပါတယ်"
ရေချိုးဇလုံထဲ ထယ်ပါဝင်လိုက်ပြီး ဂျွန့်ကိုကျောပေးထားတဲ့အနေအထားမှာမှ ထယ်က ဂျွန့်ရဲ့ရင်ဘတ်ပေါ်မှီချလိုက်ရင်းမျက်လုံးအစုံကိုမှိတ်လိုက်ပြီး ချစ်ရသူရဲ့ ရင်ခွင်နွေးနွေးထဲကို ကျောခင်းလိုက်တော့ အလိုက်တသိ ခါးကိုဖက်လာတဲ့လက်တစ်စုံ သိပ်ရင်ခုန်ဖို့ကောင်းသည် Tatooတွေအပြည့်နဲ့သူ့ရဲ့လက်ကိုမြင်ရတိုင်း ရင်တွေဟာတသိမ့်သိမ့်
နှစ်ဦးသားဘာစကားမှမပြောသေးဘဲ ပင်ပန်းမှုကိုဖြေဖျောက်နေရင်း ခဏကြာတော့
"ဂျွန်သိလား ဒီရေနွေးထက် ဂျွန့်ရင်ခွင်ကပိုနွေးတယ်"
"အွန်း"
"အနာဂတ်ကိုကြိုမြင်ရင်ကောင်းမယ်နော် ထယ်တို့ကိုဝေးကွာစေမဲ့ အရာတွေကိုကြိုမြင်ချင်တယ် ဒါမှကာကွယ်လို့ရမှာ"
![](https://img.wattpad.com/cover/148637405-288-k311390.jpg)
KAMU SEDANG MEMBACA
The Mask[Completed]
RomansaBehind The Mask (BL) {Vkook}{TaeKook} Completed-16.11.2021 Taeguk04✍️