The Mask-23

4.1K 408 30
                                    

{Unicode}

Jin Hyungကတော့စိတ်ပူတာကော သူ့ညီလူဆိုးကိုရင်လေးမိတာကြောင့်ရယ် ဆူပြီးတော့ထွက်သွားလေတယ်

"ငါဒီညဂျူတီရှိသေးလို့မင်းကံကောင်းသွားတယ်မှတ်
ထယ်လေးလည်း ဂရုစိုက်ပါ အခုအခြေအနေတွေကသာမန်မဟုတ်တော့ဘူး"

"Hyungလည်းဂရုစိုက်ပါ အခုပတ်သက်နေတဲ့လူနာအသိုင်းအဝိုင်းကပေါ့သေးသေးမဟုတ်ဘူး"

"ဟုတ်တယ် သေချာလေးဂရုစိုက်ပါ"
ထယ်ကလည်းဂျွန့်ရဲ့စကားကိုဝန်ထောက်ခံသည်

Jin Hyungလည်းထွက်သွားပြီဖြစ်တယ် ညဘက်အချိန်ကလည်း၁၀နာရီလောက်ရှိနေပြီ

"ထယ် အကျီမလဲဘူးလား"

ဂျွန်ပြောမှ ကိုယ့်ဘာသာ ငုံ့ကြည့်မိတော့ မနက်ထဲကအခုထိသတို့သားဝတ်စုံကိုမလဲရသေး

"ဟုတ်သားဘဲ လဲလိုက်အုန်းမယ်"

ရေချိုးခန်းထဲဝင်ပြီးအကျီလဲကာပြန်ထွက်လာတဲ့ထယ်က ဂျွန်ဝယ်ပေးထားတဲ့အကျီပွပွကိုသာဝတ်ခဲ့ပြီး
ထွက်လာခဲ့တယ်

"ဒီကိုလာပါအုန်း"
ကုတင်ပေါ်ကဂျွန်ကခေါ်တာကြောင့်အနားကိုသွားမိလိုက်တော့

"ထယ်ကအရမ်းလှတယ်သိလား"

"ဟင်"

"နောက်ဆိုမပြောမဆိုနဲ့ထွက်မသွားပါနဲ့နော်"

"အင်းပါ"

"ကိုယ့်အပိုင်မှန်းသေချာအောင်လုပ်မှရတော့မယ် ထယ်"

ခန္ဓာကိုယ်သွယ်သွယ်လေးကိုကုတင်ပေါ်တွန်းလှဲစေလိုက်တာကြောင့် မျက်လုံးအဝိုင်းသားလေးနဲ့သူ့ကိုကြည့်လာတယ် အပေါ်ကနေအုပ်မိုးပြီး စနမ်းလိုက်တာကြောင့် ရုန်းနေတဲ့ခန္ဓာကိုယ်လေးက လှုပ်စိလှုပ်စိနဲ့

အောက်နှုတ်ခမ်းကိုကိုက်လိုက်တာကြောင့် ဟသွားတဲ့ပါးစပ်လေးထဲကို ဂျွန့်ရဲ့လျှာတွေကကျူးကျော်ဝင်မိတော့ပါးစပ်လေးဟစိဟစိနဲ့ ဂျွန့်ရင်ဘတ်ကိုတွန်းလာတဲ့လက်တွေ

လျှာနှစ်ခုချင်းအချိန်တော်တော်ကြာရစ်ပတ်မိတာကြောင့်သရေတွေတောင်နှုတ်ခမ်းစွန်းမှထွက်လာတော့ ဂျွန်ကနှုတ်ခမ်းတစ်ဝိုက်က သရေတွေကိုသုတ်ပေးလိုက်တယ် ပြီးတော့ပြောတယ်

The Mask[Completed]Où les histoires vivent. Découvrez maintenant