The Mask-26

3.7K 349 29
                                    

{Unicode}

Mr.Kimက ထိုင်ခုံပေါ်မှာကြိုးတွေနဲ့ချည်ထားတဲ့လူရဲ့ဆံပင်ကိုဆွဲဆောင့်ပြီး မော့လိုက်တော့ ပေါ်လာတဲ့မျက်နှာတစ်စုံက သွေးအလိမ်းလိမ်းနဲ့

"hyung "

"ဟက် တစ်ခါမှမတုန်လှုပ်ဖူးတဲ့ လူသတ်သမားကြီးက
လက်တွေတုန်နေလို့ပါလား "

"ခင်ဗျားတော်တော်မိုက်ရိုင်းတာဘဲ ရှင်းချင်ရင် ကျွန်တော်နဲ့ရှင်း ဘာမှမဆိုင်တဲ့ ကျွန်တော့်အစ်ကိုကို အခုလွှတ်ပေး"

"အဲ့လောက်လွယ်လွယ်နဲ့ရမယ်ထင်နေတာလား"

"စကားတွေရှည်မနေဘဲ ကျွန်တော့်အစ်ကိုကိုအခုလွှတ်ပေး"

"လွှတ်ပေးမယ် အပေးအယူပေါ့ ငါ့ရဲ့သားကိုအခုချက်ချင်းငါ့အိမ်ကိုပြန်လွှတ်ပေး "

"ဟမ် ကျွန်တော်နဲ့ရှင်းချင်ရင်ကျွန်တော်နဲ့ဘဲရှင်းလို့ပြောထားတယ်လေ"

"မင်းလိုကောင်ကိုငါကဘာလုပ်ရမှာလဲ ငါ့သားကိုပြန်လိုချင်လို့အခုလိုတွေလုပ်နေတာ "

"ထယ့်ကိုပြန်ပို့ပေးမယ် Hyungကိုအခုလွှတ်လိုက်"

"မင်းလွှတ်ခိုင်းတိုင်းလွှတ်ရအောင်အရူးလား ထယ်လေးကါ့လက်ထဲရောက်တာသေချာတာနဲ့ ဒီကောင့်ကိုလွှတ်ပေးမယ်"

"အဓိပ္ပာယ်မရှိဘူးခင်ဗျားတို့ကိုကောကျွန်တော်က
ဘယ်လိုယုံရမှာလဲ"

"ငါ့သားကိုသာအရင်ပို့လိုက် မင်းအစ်ကို ကိုလည်းဘာမှလုပ်စရာအကြောင်းမရှိဘူး လူပိုဘဲ"

"တောက်"

အခုချိန်မှာအခက်အခဲဆုံးကတော့ဂျွန်ပင်။ကိုယ့်ရဲ့အစ်ကိုအရင်းတစ်ယောက်ကို လျစ်လျူရှု့ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်။ ထိုနည်းအတူ ဘဝရဲ့အချစ်ဦးကိုလက်လွှတ်ပေးရမယ်ဆ်ိုတာကော။ လက်မလွှတ်နိုင်လို့တောင် မဂ်လာဆောင်ကနေရအောင်ခေါ်ထုတ်ခဲ့တာမလား။

"ပြန်လာခဲ့မယ် ကျွန်တော့်အစ်ကိုကို လက်ဖျားနဲ့
တောင်ထိဖို့မစဉ်းစားနဲ့"
.
.
.

သေနတ်ကိုခါးကြားထဲပြန်ထိုးထည့်လိုက်ရင်း ကားဆီသို့သာအပြေးလာခဲ့ရတယ် ဒေါသကြီးစွာနဲ့ အရှိန်ကုန်မောင်းနှင်ရင်း အတွေးထဲလည်း ပြည့်ကျပ်နေတယ်

The Mask[Completed]Hikayelerin yaşadığı yer. Şimdi keşfedin