The Mask-12

5.9K 551 32
                                    

{Unicode}

အသားထဲအရမ်းမနက်ပေမဲ့ကျည်ဆံက ဗိုက်ထဲမှာရှိနေတုန်းသွေးတွေဆက်တိုက်ထွက်လာပြီး နာကျင်လွန်းတာကြောင့်အခန်းဝမှာတင် Jeonလဲသွားသည်

"ဝုန်း"ဆိုတဲ့အသံကြားတာကြောင့် Tae Hyungတစ်ယောက်အလန့်တကြားနိုးလာတော့ အခန်းဝမှာ သွေးတွေနဲ့လဲနေတဲ့Jeon

သွေးတွေမြင်တိုင်း ငယ်ငယ်က သူ့မျက်စိရှေ့မှာသေသွားတဲ့ မာမား နဲ့ညီမငယ်လေးကို ပြန်ပြန်မြင်ယောင်လာတယ်တုန်လှုပ်မိပေမဲ့ အခုJeonကို ကူညီမှဖြစ်မယ်

သွေးတွေနဲ့လဲနေတဲ့Jeonကိုသူ့ပေါင်ပေါ်တွင်ခေါင်း
အုန်းစေပြီး

"သတိထားအုန်း ဘယ်လိုဖြစ်လာတာလဲ ငါဘာလုပ်ပေးရမလဲ"

"ကျည်ဆံ ကျည်ဆံထုတ်ရမယ် ဆေးသေတ္တာ ရေချိုးခန်းထဲမှာရှိတယ် သွားယူ"

"အင်းအင်း "

ရေချိုးခန်းထဲဝင်ကာ ရှာလိုက်တော့ မှန်ဘေးမှာရှိတဲ့ဗီဒိုအသေးလေးထဲမှ ဆေးသေတ္တာအဖြူလေးကို အမြန်ယူလာရင်း

"ခဏလေးနော် ထယ်လုပ်ပေးမယ် ခဏလေး "

Jeon နဖူးမှချွေးတွေကိုသုတ်ပေးရင်း ပြောလာတဲ့Tae
ကြောင့်ဒဏ်ရာရှိတာတောင် နာရမှန်းမသိတော့တဲ့Jeon

ဆေးသေတ္တာထဲက ဂွပုံစံကိရိယာကိုယူလိုက်ရင်းJeonဗိုက်ထဲကကျည်ဆံကိုထုတ်ဖို့ပြင်တော့
တစ်ခါမှမကြုံဖူးတဲ့Tae Hyungအတွက်တော့ လက်တွေပင်အေးစက်ကာ တုန်နေရသည်

"စိတ်လျှော့ထားနော် ထယ်အကောင်းဆုံးလုပ်ပေးမယ်"

သူ့ကိုစိတ်ပူလို့ စကားချိုချိုလေးတွေပြောပေးနေတဲ့
Tae Hyungကို ငေးသာငေးကြည့်နေမိတော့တယ်

ကျည်ဆံကသိပ်မနက်တာကြောင့် မြန်မြန်ဘဲထုတ်ပြီးလိုက်တယ်

"ချုပ်လိုက် ဒဏ်ရာကို"

"ဖြစ်ပါ့မလား "

"ဖြစ်တယ် ချုပ်လိုက် "

ဆေးသေတ္တာထဲမှ အပ်နဲ့အပ်ချည်ကိုယူလိုက်ရင်း
ထုံဆေးလည်းမရှိတာကြောင့် အစိမ်းလိုက်ချုပ်ရတော့
နာလို့ထင်ပါရဲ့

The Mask[Completed]Dove le storie prendono vita. Scoprilo ora