The Mask-22

3.4K 368 41
                                    

{Unicode}

ကျည်ဆံက နှလုံးကိုတည့်တည့်မထိပေမဲ့ နှလုံးရဲ့အနီးညာဘက်ရင်အုံမှာရှိနေတာကြောင့် ဆရာဝန်တွေအတွက် ခေါင်းပူရသည်တစ်ချက်မှားသွားတာနှင့်တစ်ပြိုင်နက် လူနာအသက်ဆုံးရှုံးရမှာကျိန်းသေပင်

အခုချိန်မှာသူ့ညီအကြောင်းကိုခေါင်းထဲကနေထုတ်လိုက်ရသည် လူနာအသက်သည်သာ နံပါတ်တစ်မလား

ခွဲစိတ်မှု၂နာရီကျော်ကျော်အပြီးမှာတော့သက်ပြင်းချနိုင်ခဲ့ပြီ

"ဟူးးး ပင်ပန်းသွားကြပြီ"
ဘေးကအကူသူနာပြုလေးတွေပါ ခြေကုန်လက်ပန်းကြကုန်သည်

Seok Jinတစ်ယောက်ခွဲခန်းထဲကထွက်လာတာနဲ့ အကျီကိုလာဆွဲပြီး မေးလာတဲ့Mr.Han

"သမီးလေး သမီးလေး အခြေအနေ"

"ခွဲစိတ်မှုကအောင်မြင်ပါတယ်သတိကတော့ပြန်လည်လာမှာမဟုတ်သေးဘူး ခဏစောင့်ရမယ်"

"ကျေးဇူးတင်ပါတယ်"
ဒူးထောက်ကာ ငိုချလာပြီးကျေးဇူးတင်စကားဆိုလာတယ်

ပုံမှန်ဆ်ိုဆေးရုံတွေကဥပဒေနဲ့မကင်းဘဲရောက်လာတဲ့သူတွေ ဥပမာ အခုလိုဘာမှန်းမသိ သေနတ်ဒဏ်ရာနဲ့​
ရောက်လာသလိုမျိုးပေါ့ အဲ့လိုမျိူးဆိုလက်ခံကုပေးလို့မရဘူး ဘာလို့ဆိုအမှုပတ်မှာမို့လို့ကြိုတင်ကာကွယ်တဲ့သဘောအနေနဲ့ပါ ဒါပေမဲ့ အခုဆေးရုံကMr.Kimပိုင်တဲ့ဆေးရုံဖြစ်သည် သူကိုယ်တိုင်ကခွဲစိတ်ပေးဖို့ခွင့်ပြုချက်ပေးထားတာကြောင့်ပိုပြီး ရင်လေးမိတယ် ဒီကိစ္စက သူ့ညီရယ် ထယ်လေးရယ်နဲ့များဆိုင်နေမလားဆိုတာကို ပိုပြီးတွေးရစေတယ် ထယ်လေးကMr.Kimရဲ့သားဆိုတာ Seok Jinတစ်ယောက် အိမ်ကိုရောက်လာတဲ့ပထမနေ့ထဲကတင်သတိထားမိသည်

တာဝန်ပြီးမြောက်သွားတာကြောင့် ကိုယ့်ရုံးခန်းထဲပြန်မယ်လုပ်တော့ အားကိုးတကြီးနဲ့Mr.Hanကစကားတွေဆိုလာပြန်တယ်

"ဒေါက်တာ ကျွန်တော့်သမီးအသက်ကိုကယ်ခဲ့ပေးလို့
ကျေးဇူးတင်ပါတယ် ဆက်ပြီးတော့သမီးကိုဒေါက်တာနဲ့အပ်လို့ရမလား"

ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့စဉ်းစားကြည့်ရင်း ဒီMr.Hanဆိုတဲ့လူနဲ့ဆက်မပတ်သက်သင့်တာအမှန်ပါ
တကယ်လို့သူ့သမီးကိုပစ်ခဲ့တာကသူ့ညီဖြစ်ခဲ့မယ်ဆိုရင်ပေါ့ဒါပေမဲ့ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာတွေကိုဘေးဖယ်ထားလိုက်ရင်း ဆရာဝန်တစ်ယောက်ရဲ့တာဝန်ဖြစ်တဲ့လူနာကို ကြည့်ရှု့ဖို့ လက်ခံရန်ဆုံးဖြတ်လိုက်တယ်

The Mask[Completed]Where stories live. Discover now