ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 12 (လိုက်လံဖမ်းဆီးခြင်း)
နင် တစ်ချက်တည်းနဲ့ခုန်လိုက်တာ ကီလိုမီတာ တစ်ခုအကွာက မုတ်ဆိတ် အနက်ရောင် လူရဲ့ ရှေ့ကို ရောက်သွားပြီးတော့ အဲ့ဒီ မုတ်ဆိတ်နက်နဲ့ သူတို့ခေါင်းဆောင်ကို လည်ပင်းကနေ ဆွဲကိုင်ပြီးတော့ လေထဲ မြောက်လိုက်တာကို တွေ့လိုက်ရတော့ မီးတောင်ပံ ကလန်က အရာရှိတွေဟာ ထိတ်လန့်သွားကြပါတော့တယ်။
သူတို့တွေ အကုန် ချက်ချင်း ဒူးထောက်ချလိုက်ပြီးတော့ ပါးစပ်ကနေ တရစပ်အသနားခံပါတော့တယ်။
"သခင်လေး ဂျိနင် ကျွန်တော်တို့ကို ချမ်းသာပေးပါ။ "
"သခင်လေး ဂျိနင် စိတ်မဆိုးလိုက်ပါနဲ့။"
"သခင်လေး ဂျိနင် စိတ်မဆိုးလိုက်ပါနဲ့။"လဲပြိုကျနေတဲ့ စစ်သူရဲတွေလည်း သူတို့ရဲ့ခေါင်းဆောင်တွေ ဒူးထောက်လိုက်တာမြင်တော့ သူတို့လည်း လိုက်ဒူးထောက်လိုက်ကြပါတယ်။
တခနလေးအတွင်းမှာ စစ်မြေပြင်က လူတွေ အကုန်လုံး ဂျိနင်ကို ဒူးထောက်အရိုအသေ ပြုလိုက်ကြပါတယ်။
သူ့လက်ထဲက မုတ်ဆိတ်နက်နဲ့ လူကို သူ အဝေးကို လွှင့်ပစ်လိုက်ပါတယ်။
"သခင်လေး ဂျိနင်"
မုတ်ဆိတ်နက်နဲ့ လူကြီးက တုန်ုတုန်လှုပ်လှုပ်နဲ့ ဒူးထောက်လိုက်ပါတယ်။
"မင်းက ငါ့ကို မမှတ်မိဘူးလား။"
နင် သူ့ကိုကြည့်ပြီးတော့ ပြောလိုက်ပါတယ်။
"မဟုတ်ရပါဘူး... မဟုတ် .. မဟုတ်ရပါဘူး ခင်ဗျာ... ကျွန်တော် သခင်လေးရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးပါတယ်။"
"ဒါကို မင်းက ဆက်ပြီးတော့ တိုက်ခိုက်ဖို့ အမိန့်ပေးရဲသေးတယ်လား။"
"ကျွန်တော်.. ကျွန်တော်....."မုတ်ဆိတ်နက်နဲ့ လူကြီး ဘာဆက်ပြောရမှန်း မသိဖြစ်နေပါတယ်။ နင်လည်း စဉ်းစားရကျပ်နေပါတယ်။ ဒီ သူ့ရှေ့က လူက သူ့အကြောင်းတွေကို သိပြီးတော့ အလွန် ကြောက်ရွံ့နေလျက်နဲ့ ဘာလို့များ တိုက်ခိုက်ဖို့ အမိန့်ကို ပေးရဲရတာလည်း....
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...