Fasc: 1

7.3K 403 26
                                    

* Check below for Unicode *
『 Zawgyi 』

ညအခါ လူတွေအများစု လာပျော်ပါးတဲ့ နေရာတစ်ခု...

modelဒီဇိုင်းအပြင်အဆင်တွေနဲ့ အဆောက်အအုံကြီးအတွင်း၌ အရာအားလုံး အမှောင်ချထားသော်လည်း ... မီးခိုးဖြူအငွေ့တွေဟာ ကြမ်းပြင်တစ်ခုလုံးတွင် နေရာအနှံ့ ။

spotlightမီးရောင်စုံတွေ၊ ပြေးလွှားနေတဲ့ Disco lightတွေအောက်မှာ ... ကျယ်လောင်မြူးကြွလှတဲ့ သီချင်းသံ DJ beatတွေနဲ့ လူပေါင်းစုံဟာ မီးကုန်ယမ်းကုန် ကခုန်နေလျက် ။

အချို့ မိန်းကလေးတွေမှာ မပေါ်တပေါ် မလုံတလုံတဲ့ ဝတ်စားဆင်ယင်မှုတွေဖြင့် အဲ့မှာရှိတဲ့ ယောက်ျားသားတွေကို စိတ်ဝင်စားအောင် stageစင် အသီးသီးဆီကနေ ဆွဲဆောင် ကခုန်ပြနေလေရဲ့ ။

အဲ့လို Dance floorမှာ တွန့်လိမ်ပြီး ကပြနေတဲ့ မကောင်းတဲ့မိန်းမပျက်တွေနဲ့အတူ သရေကျပြီး သောက်စားမူးယစ် ပျော်ပါးနေကြတဲ့ ယောက်ျားသားများ ။

အချို့ဝိုင်းတွေမှာ ပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ အေးဆေးလာနေသူတွေ ရှိသလို ၊ အချို့ဝိုင်းတွေမှာလည်း တစ်ယောက်နှင့်တစ်ယောက် ပလူးပြီး မြင်မကောင်းအောင် နမ်းရှုံ့နေကြသူတွေလည်း များစွာ။

နှမချင်း မစာနာစွာ အမူအယာနဲ့ပဲဖြစ်ဖြစ်၊ အပြောအဆိုနဲ့ပဲဖြစ်ဖြစ် တဏှာရူးထတဲ့ လူမိုက်ပေါင်းစုံတွေရှိသလို ... ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဆွဲစားနေတဲ့ ပွင့်အာနေသော အခြောက်မတွေလည်း များပြားစွာပင် ။

ထိုသို့ လူပေါင်းစုံ စည်ကားရာ နေရာကား Night Club ပင်ဖြစ်သည်

- ဒီတစ်ခွက်သောက်ပြီး ပြန်တော့မှာမလားဟင်, Darling?

- အင်းးးး

လက်ကျန် ရှန်ပိန်ပုလင်းကို အကုန်ငှဲ့ပေးလိုက်ပြီး ခွက်ကမ်းပေးလာသော ဘေးတွင် တွဲကပ်ထိုင်နေသည့် ခပ်မိုက်မိုက်ကောင်မလေး

ထို့နောက် ပုခုံးကို ပြန်မှီလာကာ သူ့ရင်ဘတ်ကို အသာပွတ်သတ်ပေးရင်း ချွဲပြစ်စွာပြောဆိုလာတဲ့ ထိုကောင်မလေးကို ... ရှေ့တည့်တည့်က Dance floorမှာ sexyကျကျ ကနေကြတဲ့ မိန်းမပေါင်းစုံကို အရသာခံကြည့်ရင်း သူ ရီဝေဝေနှင့်ပင် ပြန်ဖြေလိုက်သည်

FASCINATIONWhere stories live. Discover now