Fasc: 28

2.2K 221 41
                                    

*Check below for Unicode*
『 Zawgyi 』

- Hello kha~ Pring ပါ

ကြားလိုက်ရတဲ့ နာမည်ကြောင့် ... Saintကို အတင်းဖက်ကာ အကြင်နာအနမ်းကြမ်းတွေပေးထားလို့ မောဟိုက်နေသည့် Perthတစ်ယောက် အံ့သြဆွံ့အ,သွားရသည် ။

သူ ငါ့ဖုန်းနံပါတ်ကို ဘယ်လိုသိလဲ ?!

ထို့နောက် ရင်ခွင်ထဲရှိ ကြောင်ရိုင်းလေးကို ကြည့်မိတော့ desk board ပေါ် တင်ထားတဲ့ Pringအသံထွက်လာရာ ဖုန်းဆီသို့... ခုနတုန်းကနဲ့တခြားစီ နတ်ဆိုးတစ်ကောင်လို ကြောက်စရာကောင်းစွာ မီးထတောက်မတတ် ရဲတွတ်နေသည့်မျက်လုံးတွေဖြင့် စူးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည် ။

- ဘာကိစ္စရှိလို့လဲ Pring ?

- ဟွန့်...Perthကလည်း Pring က ကိစ္စရှိမှ ဆက်ရမှာလားလို့? အချင်းချင်းမသိတဲ့လူတွေလို မဆက်ဆံပါနဲ့. ဒို့ဖုန်းဆက်တာ မအံ့သြဘူးလားဟင်? ယူ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲတို့ ဘာတို့ မမေးတော့ဘူးလား?

ကိုယ့်ကောင်လေး အမျက်တော်ထွက်နေပြီမို့ ခပ်သွက်သွက်ပြောပြီး ဖုန်းချပစ်ရန် ကြံထားသော်လည်း .. ပေရှည်အောင် စကားလမ်းကြောင်းရှာ ဇွတ်ဈေးဗန်းခင်းနေသည့် Ex ဖြစ်သူကြောင့် စိတ်ပျက်သွားရသည် ။

- တောက်စ်...ကျစ်!

ဟောကြည့် ... တွေးလို့ဖြင့် မဆုံးသေးဘူး .. လက်သီးဆုပ်ထားရင်း ဒေါသကြောင့် တုန်ယင်လာသည့် ရင်ခွင်ထဲက devil လေး

- ခုနက ဘာအသံလဲ!? ဘေးမှာ တစ်ယောက်ယောက်ရှိနေတာလား?

Pring၏ မာနေသယောင် လေသံကြောင့်... Saintကို ငေးကြည့်နေရာမှ သတိဝင်လာသော်လည်း ဖုန်းရှိရာဘက် ပြန်လှည့်ခြင်းမရှိစွာ ကြောင်ရိုင်းလေး၏ expression ကိုသာ ဆက်လက် ရှုစားငေးမောရင်းနဲ့ပင်...

- ဟုတ်တယ် ကိုယ်အခု သီးသန့်ဆွေးနွေးခန်းထဲမှာမို့ ကိစ္စမရှိရင် ဖုန်းချလိုက်တော့မယ်. ဒီမှာ အရေးကြီးကိစ္စလုပ်နေကြတာ တန်းလန်းမို့ မအားသေးဘူး

- ဟုတ်လား... Pringကြောင့် အနှောင့်အယှက်ဖြစ်သွားရင် sorryနော်. အဲ့ဒါဆို နောက်မှ ထပ်ဆက်လိုက်မယ်. Perthနဲ့တစ်ရက်လောက် ထမင်းအတူတူစားရင်း တွေ့ရအောင် ပြောမလို့ပါ. ဒါပဲနော်

FASCINATIONWhere stories live. Discover now