Fasc: 24

3.1K 346 54
                                    

•Check below for Unicode•
『 Zawgyi 』

*knock...knock*

- သားရေ ... Pawဝင်လာလို့ရမလား?

အခန်းထဲ လာနေကျမဟုတ်တဲ့ .. အပြင်ဘက်ကPawရဲ့ ရုတ်တရက်အသံကြောင့် အင်္ကျီချွတ်ဖို့ပြင်နေတဲ့ သူ့လက်တွေ တွန့်ဆုတ်သွားရကာ ထူးဆန်းသလို မျက်လုံးအပြူးသားလေးဖြင့် ...

- 😳 Awwn... Pawဝင်ခဲ့ပါ သားlockချမထားဘူး

Saint လှမ်းပြောပြီး အိပ်ရာပေါ်တက်ထိုင်လိုက်ကာ အခန်းထဲ ဝင်လာသည့် သူ့Pawကို စူးစမ်းသလိုဖြင့် လှမ်းကြည့်လိုက်ရင်း ...

- Paw ဒီနေ့ ကုမ္မဏီကနေ ပြန်လာတာ စောတယ်နော် ?

- ဟုတ်တယ် သား ... သားကို ပြောစရာလေးရှိလို့ စောပြန်လာတာ ... ဒါနဲ့ သားက အခုမှ ကျောင်းvolunteer activityတွေ ပြီးလို့ ပြန်ရောက်တာလား?

အခန်းထဲရှိ ဆိုဖာတစ်ခုပေါ်ထိုင်လိုက်ကာ သူ့ uniform ကိုကြည့်ရင်း မေးလာသည့် Pawကို ဟုတ်မှန်ကြောင်းထောက်ခံပြီးနောက် ... သူတို့နှစ်ဦးရှိနေသည့် အခန်းဟာ အကြောင်းမဲ့ ခဏတာ တိတ်ဆိတ်သွားရသည် ။

- Paw ပြောစရာရှိတယ်မလား ?

* Ring~ Ring~ Ring~ *

ယခုအခြေအနေက ဘယ်လိုမှန်းမသိ ကြောင်တောင်တောင်နိုင်လွန်း၍ သူ့ဘက်က အစပျိုးပေးပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်မိတော့ မကြာ..စောစောက အိပ်ယာပေါ်ပစ်တင်ထားခဲ့တဲ့ သူ့ဖုန်းလေးဟာ မြည်လာခဲ့၍ ယူကြည့်လိုက်တော့ ဟိုလူ့ဆီကမို့ စိတ်ရှုပ်စွာပင် စုပ်သတ်လိုက်တော့သည် ။

ထို့နောက် ဖုန်းကိုလက်မခံဘဲ လျစ်လျူရှုကာ အိပ်ယာပေါ် ပစ်ချလိုက်တာနဲ့ ... အခုထိ အစအဆုံး တိတ်တဆိတ်ကြည့်နေဆဲ Pawမှ စကားဆိုလာသည် ..

- သား ... Perthအပေါ် အငြိုးထားတာတွေလျှော့ပြီး ခွင့်လွှတ်ပေးလိုက်ပါကွယ် ... အရမ်းကြီးတင်းခံမနေပါနဲ့ ... ဒါက နှစ်ယောက်စလုံးအတွက် ကောင်းတာမဟုတ်ဘူး

Pawပြောလိုက်တဲ့စကားကြောင့် Saint အလိုမကျစွာ မျက်မှောင်ကြုတ်သွားရတယ် ။
~~ အခု အဲ့ဒီကိစ္စနဲ့ အခန်းထဲထိ အကူးတက'လာပြီး သူ့ကို ထိုလူနဲ့ပတ်သက်၍ အပြစ်လာတင်တာလား? ~~
Saint တွေးရင်း ခံပြင်းမိသွားသည် ။

FASCINATIONWhere stories live. Discover now