Fasc: 33「Unicode」

400 64 10
                                    

- ကိုယ်တို့ လက်ထပ်ကြရအောင်လား?

ဆင်တူလက်စွပ်လေးရှိရာ ဘယ်ဘက်လက်ချောင်းသွယ်သွယ်တို့ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ပြီး... လေးလေးနက်နက်ဖြင့် အဖြစ်ချင်ဆုံးဆန္ဒကို ခွင့်တောင်းလာခဲ့တဲ့ Perthကြောင့်... ရင်ခွင်ထဲရှိ ပုလဲလေးဟာ ကျောက်ချသလို ငြိမ်ကျသွားရသည် ။

သူ့ဆီက အဖြေကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေသော်လည်း အတော်ကြာသည်အထိ အဖြေမပြန်ဘဲ... ဘာတွေစဉ်းစားနေမှန်းမသိ တိတ်ဆိတ်နေပြီး မလှုပ်မယှက်ရှိနေသည့် ပုလဲလုံးလေးကြောင့် တွေးပူပြီး တစ်ခုခုပြောမလို့ပင် ရှိသေး...

- ကျနော် လက်ခံပါတယ်... လက်ထပ်ကြမယ် Perth

- တ..တကယ်လား?! ကိုယ် အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်... Saintတကယ်ပြောနေတာလား?!

အကြားချင်ဆုံးစကားကို မထင်မှတ်စွာ ကြားလိုက်ရပြီဖြစ်၍ မျက်ရည်ဝဲလာသည်အထိ ဝမ်းသာပျော်ရွှင်မှုတွေဟာ ထိန်းမရအောင် လှိုက်တက်လာပြီး... သူ့ကိုယ်သူ၊ သူ့နားသူတောင် မယုံကြည်နိုင်ဖြစ်နေသည့် Perth

- တကယ်ပြောနေတာ ခင်များကြီးရဲ့. ကျနော့်ဘဝတစ်ခုလုံး ခင်များဆီ ပုံအပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... အနားမှာနေပြီးခင်များဆီက ပေးလာမယ့်အချစ်တွေနဲ့ တစ်သက်လုံးနေသွားတော့မယ်

- မင်းဆီက ဒီလိုစကားမျိုးကြားရတာနဲ့တင် အချစ်တွေ ပိုပိုတိုးလာရတယ်ကွာ... အခုထိ ဟောဒီနားမှာ တဒိန်းဒိန်နဲ့ပေါက်ထွက်မတတ် ခုန်နေတာ စမ်းကြည့်

လက်တစ်ဖက်ကို ဆွဲယူပြီး သူ့ရင်ဘတ်ပေါ် ဖိတင်လျက် စမ်းခိုင်းနေ၍... Saintလည်း အလိုတူအာရုံစိုက်လျက် စမ်းကြည့်မိတော့ တကယ်ကြီး ပေါက်ထွက်တော့မှာလား အောက်မေ့ရသည်အထိ သူ့ရင်တွေဟာ အဆက်မပျက် ခုန်ပေါက်နေခဲ့သည် ။

- အဲ့ဒါဆို တဘက်ခါညကျ ကိုယ့်ရဲ့မိဘတွေဆီ အတူတူ သွားတွေ့ရင်း လက်ထပ်ဖို့ ခွင့်ပြုချက်တောင်းကြရအောင်နော် ... ကိုယ့်မိဘတွေကို မင်းနဲ့မြန်မြန်ပေးတွေ့ချင်လှသည်အထိ ကိုယ့်နှလုံးသားက မင်းပဲဆိုတာ လုံးဝသေချာနေခဲ့ပြီ

FASCINATIONWhere stories live. Discover now