Fasc: 29

2K 191 35
                                    

*Check below for Unicode*
『 Zawgyi 』

- Saint ကိုယ့်ကို စောင့်ပါအုံး...  SAINT!

အနောက်ဖက်လှမ်းလှမ်းဆီမှ ကြားရတဲ့အသံသဲ့သဲ့ကို မကြားချင်ဆောင်ယောင်ကာ... ခပ်သွက်သွက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ပို၍ မြန်စေမိသည် ။

အခုချိန်မှာ ရင်ထဲတနုံနုံနဲ့ ဘယ်သူကိုမှ ကောင်းကောင်းမဆက်ဆံနိုင်တော့ ။ သူတစ်ယောက်တည်း နေချင်မိတာအမှန် ။
မဟုတ်မှ... ငါသဝင်တိုနေတာလား? အဟက်...ရယ်စရာသိပ်ကောင်းတယ်... သဝင်တိုတယ်ဆိုတာ ငါ့လိုလူမှာ မရှိသင့်တဲ့အချက်ပဲ!!

သူ့ကိုယ်သူလည်း ဘာတွေဖြစ်နေမှန်းမသိတော့ဘူး ။ Mr.Perthကို အဲ့မိန်းမနဲ့ ပူးတွဲမြင်ရုံနဲ့တင် စိတ်ထိခိုက်လွယ်လွန်းလိုက်တာ Saint Suppapong!!!

မိုးတွေတဖွဲဖွဲကျနေတဲ့ အပြင်သို့ ထွက်လာခဲ့တော့... ရေထဲ နင်းလျှောက်လာတဲ့ အနောက်မှ ခြေသံတွေဟာ ဆက်ပြီး သူ့နောက် ကပ်ပါလာမြဲ ။

Flashback ≪≪≪≪≪

စားသောက်ဆိုင်ကြီးထဲ Saint တစ်ယောက် တွေ့တွေ့ချင်း ခြေလှမ်းတွေ ရပ်လိုက်ကာ... ဘေးပတ်ဝန်းကျင်ကို မေ့လျောသွားလောက်အောင်... သူတို့ဝိုင်းကို မျက်မှောင်ကြုတ်လျက် အေးတိအေးစက် စိုက်ကြည့်နေတုန်း Mr.Perthက သူ့ကို သတိထားမိသွားလေရဲ့ ။

သို့သော် ခဏတာ ထိတ်လန့်မှုသာဖြစ်ပြီး ချက်ချင်း သူ့မျက်နှာဟာ အံ့သြဝမ်းသာမှုအဖုံသို့ ပြောင်းသွားကာ...

- Aww....Saint, လာလေ

Mr.Perthရဲ့ ရုတ်တရက် လှမ်းခေါ်မှုကြောင့် ဝိုင်သောက်နေတဲ့ Pringပါ ကြောင်တောင်တောင်ဖြင့် သူရှိရာဆီ စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လာသည် ။

အခုချိန်မှာ တခြားသူဆို လှည့်ပြန်မှာဖြစ်ပေမဲ့ သူကတော့ အဲ့လို ရှောင်တိမ်းတာမျိုးလုပ်မယ့်အစား နောက်လည်း ထိပ်တိုက်တွေ့ရမယ့်အတူတူ နဂိုမျက်နှာထားကို ပြန်ပြင်လိုက်ကာ... အပြုံးဖျော့ဖျော့လေးကို ချိတ်ဆွဲရင်း စားပွဲဝိုင်းအနားသို့ သွားလိုက်သည် ။

- Saint ဒီမှာ ထိုင်

နေရာချထားရေး လုပ်နေတဲ့ Perthကြောင့် Pring နားမလည်နိုင်ဖြစ်သွားရသည် ။ အခုဟာက သူတို့နှစ်ယောက်တည်းသာ ပါဝင်တဲ့ romantic personal dinnerပင် မဟုတ်ပါလား ။ ဒါကို သူတို့ဝိုင်းထဲ ဘာမဟုတ်တဲ့ အပြင်လူကို ခေါ်ထိုင်ခိုင်းရသလဲ။

FASCINATIONWhere stories live. Discover now