Fasc: 20

2.9K 269 55
                                    

*Check below for Unicode*
『 Zawgyi 』

February 14, 2019
6:25 PM 🕡

အရင်က အတူတူလာလေ့ရှိသည့် ဒီ Sky Barလေးမှာ ...
အခုတော့ ကွဲပြားစွာ တစ်ယောက်တည်း အရင်ကြိုရောက်နှင့်နေခဲ့တယ်...
ပြီးတော့ သူနှင့်အတူတူမှာဖူးခဲ့ကြတဲ့ အမြဲတူညီသည့် menu ကိုပဲ အကြိမ်ကြိမ်ဖတ်မိနေခဲ့ပြန်တဲ့ ကောင်လေးတစ်ယောက် ...

သီးချင်းသံသဲ့သဲ့သာ လွင့်မျောနေတဲ့ ဆိတ်ငြိမ်နေသည့်သီးသန့်အခန်းထဲ .. ဘန်ကောက်မြို့ရဲ့ညမြင်ကွင်းကို အပေါ်စီးကနေ ငေးမောကြည့်ရင်း တစ်ယောက်သောသူ လာမှာကိုလည်း စောင့်စားနေခဲ့တယ် ...
စိုးရိမ်ခြင်းများမရှိဘဲ သူရဲ့အချိန်တွေကိုပေါ့ ။

ဒီနေ့မှာကျရောက်တဲ့ ချစ်သူများနေ့မှာ ကျနော်နဲ့P'Leoဟာ နောက်ဆုံးအနေနဲ့ တွေ့ပြီးDinnerစားဖို့အတွက် ချိန်းထားကြသည်လေ ။
သူလာခြင်း၊ မလာခြင်းမသိဘဲနဲ့ .. တမင်ကို နာရီဝက်စောပြီး အရင်ရောက်နေခဲ့ခြင်းပင် ။

သူများတွေက ချစ်သူများနေ့မို့တွေ့ကြတာ ... ကျနော်တို့က လမ်းခွဲနှုတ်ဆက်ဖို့ နောက်ဆုံးအနေနဲ့တွေ့ခြင်းထက် တခြားပိုခဲ့ခြင်းမရှိ ။

🕖 6:55 PM

သောက်ပြီး၍ ထက်ဝက်လျော့နေတဲ့ ဖန်ခွက်ရှည်ထဲရှိ ဝိုင်တစ်ဝက်ဟာ ငြိမ်သက်နေပြီးတော့ ... လောင်ကျွမ်းနေတဲ့ စားပွဲပေါ်ရှိ ဖယောင်းတိုင်တွေဟာလည်း ကုန်လုနီးပါးမှာ ...

အခန်းထဲကို ဝင်လာခဲ့တဲ့ ရင်းနှီးပြီးသားperfumeရေနံ့နှင့် အရိပ်တစ်ခုကြောင့် မော့မကြည့်မိဘဲ ... သူမသိအောင် Saint၏ မှုန်တေတေအပြုံးဟာ မျက်နှာပေါ်ဖြစ်သည်သွားရသည် ။

"ချိန်ထားတဲ့အချိန်နဲ့ ကွက်တိကို သူရောက်လာခဲ့သားပဲ" လို့လေ ။

တံခါးကိုဖွင့်၍ ဝင်လာခဲ့တော့ ထင်မှတ်မထားစွာ ... အရင်ရောက်နှင့်ပြီး အေးဆေး စားနေပြီဖြစ်တဲ့ ရှေ့တည့်တည့်ရှိ ကောင်လေးကြောင့် ... မလာဘူးထင်နေခဲ့သူ,Leo အံ့သြသွားရသည် ။

ပြီးပြည့်စုံပြီး စားပွဲရှည်ကြောင့် တစ်ယောက်နှင့်တစ်ယောက် အတန်အသင့် ဝေးကွာနေတဲ့ ဒီDinnerလေးဟာ ... လမ်းခွဲကြမယ့် သူတို့နှစ်ယောက်အတွက် သက်တောင့်သက်သာဖြစ်စေသည် ။

FASCINATIONWhere stories live. Discover now