Fasc: 13

3.3K 279 34
                                    

*Check below for Unicode*
『 Zawgyi 』

- မင်းကိုပစ်ထားခဲ့မိတဲ့အတွက်လည်း ကိုယ်တောင်းပန်ပါတယ် ... ကိုယ်အစကတည်းက မင်းပါမလာမှန်း သတိထားမိခဲ့သင့်တာ ... အဲ့ဒါဆို မင်းတစ်ယောက်တည်း အခုလိုမျိုး ဒုက္ခမရောက်အောင် ကိုယ်ကြိုပြီးကာကွယ်ပေးနိုင်---

- မလိုပါဘူး

တစ်ဖက်ကို မျက်နှာလွှဲထားလျက်အတိုင်း ရှိနေဆဲ Saintကို သူရဲ့အမှားကြောင့် တောင်းပန်စကားဆိုမိတော့ ... ပြောလို့မပြီးသေးခင် သူ့မျက်နှာကိုပြန်လှည့်ကြည့်လာကာ အေးစက်စက်ဖြင့် ငြင်းဆိုလိုက်သည့်ကောင်လေး

- Saint

- ခင်များရှိမှသာ ကျနော်ကဒုက္ခမရောက်နိုင်ဘူး လုံးဝအဆင်ပြေမယ်ဆိုတဲ့ .... အဓိပ္ပာယ်မရှိ တစ်ဖက်သတ်ဆန်ဆန် ကောက်ချက်ချမှုတွေနဲ့ ခင်များဘာသာကယ်တင်ရှင်ကြီးလိုလို ခံယူပြီး ပြောနေတာကိုက ကျနော်သဘောမကျတာ ။ ခင်များစိတ်ပူပေးရအောင် ကျနော်လည်းခင်များလို ယောက်ျားတစ်ယောက်ပါ ... ခင်များထင်သလို ပျော့ညံ့တဲ့လူစားမျိုးမဟုတ်ဘူး ။

- ကိုယ်အဲ့လိုသဘောမျိုး ပြောတာမဟုတ်---

- ပြီးတော့ ကျနော်က Suppapong Groupရဲ့သား ဆိုတာလည်း မမေ့ပါနဲ့ ။ ဘယ်သူ့ကမှ ကျနော့်ကို အထက်စီးကနေပြောဆို ခိုင်းစေပြီး လာကြောလို့မရဘူး ။ အပြစ်တစ်ခုလုပ်ထားမိလို့သာ ခင်များခေါ်တဲ့အချိန် ခင်များထားရာနေ စေရာသွားအလုပ်ကို စိတ်ညစ်ခံပြီး အချိန်တစ်ခုအထိပြီးဆုံးအောင်လုပ်နေတာ ။ ခင်များသနားဖို့မဟုတ်ဘူး စိတ်ပူပေးဖို့လည်းမလိုဘူး ... ကျနော့်ဘာသာဂရုစိုက်နိုင်တယ် ကျနော့်ဘာသာစိတ်ပူမယ် ။

တဖြည်းဖြည်းနဲ့ ဒေါသသံတွေပါပြီး ပြောလာတဲ့ကောင်လေးကြောင့် Perth အံ့သြသွားရသည် ။

သူက ဒီလိုမျိုးအတွေးတွေ၊ သံသယစိတ်တွေနဲ့ ကိုယ့်အပေါ်အထင်တွေလွဲနေခဲ့သည်လား ? ဒါကြောင့် ကိုယ်က သူ့အတွက် အနှောက်အယှက်တစ်ခုလိုပဲဆိုပြီး မုန်းတီးနေတဲ့သဘောပေါ့ ?

နဂိုပြဿနာက ပို၍ပင်ရှုပ်ထွေးချင်လာသည် ။ မမှန်မကန်စကားတွေ၊ အထင်လွဲမှားမှုတွေနဲ့ သူ့ကိုထိခိုက်စေတဲ့စကားများကို ကြားလိုက်ရတော့ Perth မခံမရပ်နိုင်ဖြစ်ကာ စိတ်တိုတိုနှင့်ပင် ...

FASCINATIONWhere stories live. Discover now