Fasc: 19

2.9K 261 30
                                    

•Check below for Unicode•
『 Zawgyi 』

*knock...knock*

- သခင်လေး Khun Saint? ... သခင်လေးနိုးပြီလား?

အခန်းအပြင်က အိမ်တော်ထိန်းရဲ့အသံကြောင့် အိပ်ရာထက် စောင်ပုံတွေကြားထဲမှ လှုပ်လှုပ်ရွရွဖြစ်လာသူ ... တစ်နည်းအားဖြင့် ...
Suppapongအိမ်တော်တွင်ရှိ လူတွေအားလုံးရဲ့ သည်းသည်းလှုပ်ချစ်ခံထားရတဲ့ တစ်ဦးတည်းသော ယုန်ပေါက်စ'လေးဟာ ဆံပင်စုတ်ဖွားဖြင့် စောင်ကြားထဲ'နစ်မြှုပ်နေရာမှ ထထိုင်လာသည် ။

မျက်လုံးများ ဖွင့်ထားခြင်းမရှိသေးဘဲ အခန်းတံခါးပေါက်ရှိရာဆီ စမ်းတန်းတန်း လျှောက်သွားနေရာမှ ... အိမ်တော်ထိန်းက ဘာလို့လာနှိုးတာလဲ ဆိုတဲ့မေးခွန်းကိုလည်း စဉ်းစားခန်းဖွင့်မပျက် ။

- မနက်စောစောစီးစီး ဘာဖြစ်တာလဲ အိမ်တော်ထိန်းChenရာ ?

ယုန်ပုံစံလေးတွေပါတဲ့ အဖြူရောင်Pajamaကို ဝတ်အိပ်ထားတဲ့ Saint က ချစ်စရာကောင်းစွာ အိမ်ချင်မူးတူးဖြင့် မေးခွန်းထုတ်လာတော့ ... Chenမနိုင်ဘူးဆိုသည့်ပုံစံဖြင့် ထိုယုန်ပေါက်ကို သူ့အကျင့်အတိုင်း မျက်စောင်းလေးပိတ်ထိုးလိုက်သည် ။

- မနက်မစောတော့ဘူး Khun Saint~ အခု 9နာရီထိုးနေပြီ ။

- ဆိုစေ~

အမယ် ... ဟန်ပါပါနဲ့ လက်နှစ်ဖက်ကို ကျကျနနပိုက်လိုက်တာ မျက်လုံးတွေမှိတ်ထားရင်း ခန့်ခန့်ကြီးဖြင့် နောက်ဆက်ပြောလာမယ့် စကားတွေကို စောင့်နေရှာတဲ့ပုံလေးက ဘာလေးလား ။

- "ဆိုစေ"မလုပ်နဲ့ ... အောက်ထပ်ကို Khunကိုယ်တိုင်လာပြီး ဆင်းကြည့်လှည့် ။

- ဘာဖြစ်လို့လဲ ?

- ဟာဗျာ... မမြင်ရသေးဘဲ ပြောပြလိုက်ရင် ဘယ်7upဖြစ်ပါတော့မလဲ သခင်လေးရယ် ။ သခင်လေးဘာသာ ကိုယ်တိုင်ဆင်းကြည့်မှ ရမယ့်ကိစ္စကြီးမို့လို့ပေါ့ ... လာပို့ခိုင်းတဲ့သူက Saintsupဆိုတဲ့နာမည်နဲ့ကို ရောက်ချလာတာ khrap

- ဘာကိုရောက်ချတာ? ဘာ7upဖြစ်တယ်? ဟာ...ဘာကြီးလဲ ဘာတွေလဲ ရှုပ်ယှက်ကိုခတ်နေတာပဲ Ar'Chenရာ~ အိပ်ချင်နေရတဲ့ကြားထဲ လာစားနေပြန်ပြီ

ဆူပုတ်ပုတ်ဖြင့် ခေါင်းကိုဆွဲဖွလျက် ခြေကိုဆောင့်အောင့်ရင်း စိတ်မရှည်စွာပြောလာတဲ့ယုန်ပေါက်၏ ဖင်လုံးလုံးကိုပဲ ခပ်နာနာလေး ချလိုက်ချင်တော့သည် ။

FASCINATIONWhere stories live. Discover now