Fasc: 27

4K 314 119
                                    

*Check below for Unicode*
『 Zawgyi 』

Saint၏ဆန္ဒအရ ရေချိုးခန်းထဲ Perth ထွက်လာခဲ့ပြီး ဝတ်စရာအဝတ်မရှိတော့တာကို သတိရ၍ Markဆီ ဖုန်းခေါ်ရန် ကြံလိုက်သည် ။
Markကို သူ့အိမ်သို့ သွားခိုင်းလိုက်ပြီး suitအသစ်တစ်စုံကိုယူလာရန် နှင့် ... Suppapongစံအိမ်ရှိ သူ့ထံသို့ လာပေးရန် လှမ်းအကြောင်းကြားလိုက်သည် ။ ဒီကနေ ကုမ္မဏီကို တန်းသွားမလို့ပင် ။

ခဏကြာတော့ အခန်းထဲ အိမ်တော်ထိန်း ဝင်လာပြီး ... Markလာပေးခဲ့တဲ့ suitနှင့် သူ့အတွက် Breakfast ကော ... Saintအတွက် ကြက်သားဆန်ပြုတ်ပန်းကန်ပါ တစ်ခါတည်း ယူလာတာကို တွေ့လိုက်ရသည် ။
ကြည့်ရတာ Markတစ်ယောက် အိမ်တော်ထိန်းနဲ့တွေ့ခဲ့လို့ ယဉ်ကျေးစောင့်သိမှုအရ အိမ်ထဲမဝင်သင့်ဘူးထင်၍ ဝတ်စုံကိုသာ ပေးအပ်ခဲ့လိုက်သည်ထင် ။

ဒါနဲ့ပဲ ဝတ်စုံအသစ်ကို တုံ့ဆိုင်းမနေနဲ့ ဝတ်ဆင်လိုက်ပြီး၍ ခဏအကြာ ... Saint ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်ကို မြင်လိုက်ရသည် ။

သို့သော် Saint တစ်ယောက် ပုံမှန်အခြေအနေကနေ ... ရုတ်တရက် မိုက်ကနဲ ဖြစ်သွားကာ ... လဲကျတော့မတတ်ဖြစ်သွား၍ နားထင်ကို ခပ်တင်းတင်းဖိထားကာ တံခါးဘောင်ကို အားပြုမှီထားမိသည် ။

- SAINT!! အဆင်ပြေရဲ့လား!!

မြင်လိုက်ရတဲ့Perthတစ်ယောက် စိုးရိမ်မှုအပြည့်ဖြင့် အလျင်သွားရောက်ပြီး ... ဖျော့တော့နေတဲ့ သူ့ကိုယ်လေးကို ထိန်းထားကာ ဖြည်းဖြည်းချင်း အိပ်ရာပေါ်သို့ ခေါ်ဆောင်ပေးစေသည် ။

- မင်း အားနည်းနေသေးတယ် ... အားရှိအောင် ကြက်သားဆန်ပြုတ်သောက်ရအောင်နော် ပြီးရင် ဆေးသောက်ရမယ်

- ခုနက အိမ်တော်ထိန်းရဲ့အသံလားလို့ ... သူ ဘာလို့ချက်ချင်းထွက်သွားရတာလဲ? Pawရော?

- Uncle က ညတွင်းချင်းခရီးထွက်သွားတယ် အခုထိပြန်မရောက်သေးဘူး ... အိမ်တော်ထိန်းကတော့ ကိုယ်တို့နှစ်ယောက်ကို အနေခက်မှာစိုးလို့ ထင်ပါရဲ့

ခေါင်းအုံးကို ထောင်လိုက်ကာ ကျောမှီရအောင် ပြင်ပေးပြီး Saintကိုယ်လေး အိပ်ရာပေါ်နေရာတကျ တင်ပေးလိုက်သည်အထိ ... သူ့ကို တင်းကြပ်စွာကိုင်ထားသော လက်ဖြူဖြူလေးတစ်ဖက် ။

FASCINATIONWhere stories live. Discover now