Fasc: 5

3.8K 305 33
                                    

*Check below for Unicode*
『 Zawgyi 』

ညအခါ လာနေကျ ဒီclubကိုရောက်နေတာ အခုဆိုရင် အချိန်အားဖြင့် တော်တော်လင့်နေပြီ ။

သို့သော် spotlight မီးရောင်စုံတွေ ၊ အသံပေါင်းစုံတွေနှင့်ဝေးသော တိတ်တဆိတ် ထောင့်တစ်နေရာတွင်ရှိ ... စားပွဲဝိုင်းရဲ့တွဲလျက် ဆိုဖာခုံတန်းရှည်ပေါ်တွင်ထိုင်နေသည့် ချစ်ရသူရဲ့ရင်ခွင်ကျယ်ထဲ ... သူသည် နှစ်မြုပ်မတတ် ထည့်ဖက်ထားခြင်းခံရသော်လည်း မျက်လုံးတွေဟာ clubထဲတွင် စိတ်ဝင်စားပုံမပေါ် ။

ချစ်ရသူရင်ခွင်ထဲ အောက်လျှော၍ မှီထိုင်လျက် သက်တောင့်သက်သာ ဖုန်းပွတ်နေရင်းမှ ... screenထိပ်နားက အချိန်ကိုပြနေတဲ့ ကိန်းဂဏန်းများကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုပလိုက်ကာ ... ရှိန်ပိန်ကိုအေးဆေးသောက်နေတဲ့ ထိုရင်ခွင်ထဲ ပိုတိုး၍ နေမြဲနေလိုက်မိသည် ။

- ပျင်းနေပြီလား Bae? ကိုယ်တို့ ပြန်တော့မလား?

လျော့တိလျော့ရွဲ မှီထိုင်နေတဲ့ ကျနော့်ဦးခေါင်းထိပ်ပေါ်သို့ ... သူ့မေးစေ့လေးဖြင့် တို့ထိလာကာ အသာငုံ့မေးလာသည့် ချစ်သူကို ကျနော် ဖုန်းကြည့်နေရင်းမှ အသာအယာခေါင်းခါပြလိုက်သည်

- hak ... ဒီနေ့တော့ clubလာပြီး အသားကုန်သောင်းကျန်းမယ့်အစား ... ဖုန်းတစ်လုံးနဲ့ မလှုပ်မယှက် clubထဲမှာ အချိန်လာထိုင်ဖြုန်းနေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိပါ့လား ... ကိုယ်တော့ ယုံတောင်မယုံနိုင်ဘူးကွာ အမ်,Babe~

သူမေးတာကို ဘာမှပြန်မပြောဖြစ် ။ လက်ထဲက ဖုန်းပဲ ဆက်သုံးနေလေတော့ ... သူဘက်က ခဏတာတိတ်သွားပြီး ကျနော့်ကို အနောက်ကနေ အကဲခတ် ကြည့်နေမယ်ဆိုတာ ရိပ်မိသည် ။

မကြာပါ။ သူသောက်နေတဲ့ ရှိန်ပိန်ခွက် ချသံကိုကြားလိုက်ပြီးနောက် ... ကျနော့်ခါးကို လှမ်းဆွဲဖက်လာတဲ့ လက်တစ်ဖက်နှင့်အတူ ကျနော့်ပါးကို အသာအုပ်ကိုင်ပြီး သူ့မျက်နှာရှိရာဆီ ဆွဲလှည့်လိုက်တဲ့ P'Leo

- Saint, ကိုယ့်မျက်နှာကိုကြည့်ကွာ ... ဘာလို့ ကျောပေးပြီး အဲ့ဒီဖုန်းကိုပဲ ကြည့်နေရတာလဲ? Baeဒီနေ့ငြိမ်နေတယ် ... ဘာတွေ တွေးစရာရှိနေလို့လဲ?

FASCINATIONWhere stories live. Discover now