Fasc: 10

2.9K 262 19
                                    

*Check below for Unicode*
『 Zawgyi 』

- ရော့ ... ဒါ Baeအတွက်

သူကိုယ်တိုင် ဓားခရင်းတွေဖြင့် သေချာလှီးဖြတ်ထားတဲ့ Beef Steak အသားတုံးသေးသေးလေးတွေ ပါသော ပန်းကန်ပြားကို ... ရှေ့က ဘာမှမတို့ထိရသေးသော ကိုယ့်ပန်းကန်ပြားဖြင့် အလဲအလည်လုပ်ပေးနေသော မျက်နှာချင်းဆိုင်က ချစ်သူကိုသာ Saint ပြုံးကြည့်နေမိသည်

- P ပါးစပ်ဟ

ခရင်းဖြင့်ထိုးထားတဲ့ အသားတုံးအပိုင်းအစတစ်ခုကို သူ့ရှေ့ရောက်အောင် တယုတယကမ်းပေးရင်း ဆိုမိတော့ မဆိုင်းမတွ ရှေ့တိုးကာ ... ခွံ့ကျွေးလာတဲ့ အသားတုံးကို သေချာယူစားလိုက်စေတယ်

- ကိုယ့်ပဲ ခွံ့ကျွေးမနေတော့နဲ့ ။ Baeဗိုက်ဆာနေတော့မယ် ... Baeသာ အေးဆေးစား ။

အပြုံးတွေဖြင့် ပြောလာတဲ့သူကို နှစ်ခြိုက်စွာပြန်ပြုံးပြလိုက်ရင် ... ရှေ့က ပန်းကန်ပြားထဲရှိ လှီးဖြတ်စရာမလိုတော့လောက်အောင် ချစ်သူက အဆင်သင့်ပြင်ထားပေးတဲ့ အသားတုံးအပိုင်းအစလေးတွေထဲက တစ်ခုကို ခရင်းဖြင့် ထပ်ထိုးကာ ဟန်ပါပါ စားဖို့အလုပ် ...

အာရုံက မျက်စောင်းထိုးရှိ စားပွဲဝိုင်းတစ်ခုဆီသို့အရောက် ... ပါးစပ်ထဲ သွင်းဖို့ဆဲဆဲ အသားတုံးလေးဟာ တုံ့ဆိုင်းသွားရပြီး မျက်နှာပေါ်ရှိအပြုံးတွေဟာလည်း ခုနတုန်းကနဲ့ မတူစွာ ချက်ချင်း မျက်လှည့်ပြလိုက်သလိုပင် ။

ထိုလူ ဘယ်အချိန်ကတည်းက ရှိနေခဲ့ပြီး သူတို့စားပွဲဝိုင်းကို သေချာကြည့်နေခဲ့သည်လဲ ?

Mr.Perth ကတော့ နောက်ဆုံး Saint သူ့ဆီအကြည့်တွေ ရောက်လာတာ့မှ ... မဲ့ပြုံးလေးတွေ ထုတ်သုံးကာ အရည်ရွမ်းနေတဲ့အကြည့်တွေဖြင့် စိုက်ကြည့်လျက် winkလုပ်ပြခြင်းဖြင့် Saintကို စတင်နှုတ်ဆက်လိုက်သည် ။

Saint ထိုလူ့ကိုကြည့်နေရင်း ဟက်ခနဲ့ လှောင်ရယ်လိုက်ပြီးနောက် ... အသားတုံးကို မကျေနပ်သလိုဖြင့် ပါးစပ်ထဲ ဇွက်ခနဲ့ ထိုးထည့်သွင်းလိုက်ကာ တမြုံမြုံနဲ့ ဝါးနေမိသည် ။

ခုနက ကြည်နူးပျော်ရွှင်နေတဲ့ သူရဲ့စိတ်တွေတောင် ဘယ်ရောက်သွားမှန်းလဲမသိ ? Mr.Perthနဲ့တွေ့လိုက်ရင်ကို ဘယ်အချိန်ဖြစ်ဖြစ် သူ့စိတ်ထဲ နှောက်ကျိတက်သွားရတာ အမှန် ။

FASCINATIONWhere stories live. Discover now