Fasc: 25

4.6K 358 63
                                    

*Check below for Unicode*
『 Zawgyi 』

- Hello Mark~ ကုမ္မဏီမှာရှိတဲ့ သန့်ရှင်းရေးအဖွဲ့ကို ပစ္စည်းအပြည့်အစုံနဲ့ ငါ့အိမ်ကို အခုလာခဲ့ဖို့ အကြောင်းကြားလိုက်ပါ

voice message ဖြင့် အသံချန်ခဲ့ပြီး အနောက်သို့ အသာအယာ လှည့်ကြည့်မိတော့ ... အိပ်ယာထက်တွင် စိတ်ရောကိုယ်ပါ ပင်ပန်းထား၍ လှပစွာ အိပ်မောကျနေသည့် နို့နှစ်ရောင်လူသားလေးဟာ .. ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပ'နေသည့် နတ်သားလေးအလား ... ကြည့်ရှုလို့ကို မဝနိုင် ။

မှန်ကွဲ'စတွေ စိုက်ဝင်နေသည့် ခြေဖဝါးလေးဆီကနေ မှန်စ'တွေကို ဆွဲနှုတ်၊ အရက်ပြန်သေချာ'တို့ ၊ ဆေးထည့်ပြီး ပတ်တီးစည်းပေးနေတုန်း ဘယ်ချိန်က အိပ်ပျော်သွားမှန်းမသိတဲ့ ကြောင်ရိုင်းလေးကြောင့် ... သူ့ကို နှိုးမသွားအောင် အသာပွေ့ချီပြီး အိပ်ခန်းထဲ သေချာခေါ်လာခဲ့တာ ။

Perth မတ်တတ်ရပ်ကြည့်နေရင်း အိပ်ရာပေါ် ဘေးတစောင်းဝင်ထိုင်လိုက်ကာ သူ့လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်မိတော့ ... ခဏတာ လွန့်လူးသွားပြီး ခေါင်းလေးတစ်ဖက်စောင်းကာ သက်တောင့်သက်သာဖြစ်သွားသယောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြန်သည့် Saint

~~ သူ့ကိုယ်သူ လိမ်ညာပြီး ကိုယ့်ကို လက်စားချေဖို့အတွက်နဲ့ ဘယ်လောက်တောင် အားခဲထားလိုက်မလဲ? အချစ်နဲ့အမုန်းတွေကြား အလယ်မှာ မလွန်ဆန်နိုင်ဘဲ ဓားစာခံဖြစ်ခဲ့ရသည့် သနားစရာကောင်ကလေး ... ဒီအတောအတွင်း မင်း အရမ်းပင်ပန်းခဲ့မှာပဲ ~~

တကယ်ဆို သူတို့နှစ်ယောက်လုံး အပြန်အလှန် ဝေဒနာတွေကိုယ်စီဖြင့် အချင်းချင်း နာကျင်ပင်ပန်းခဲ့ရသည်ပင် မဟုတ်ပါလား ။

~~~~~~~~~~~

ဧည့်ခန်းတစ်ခုလုံး ရှုပ်ပွနေပြီး ကွဲကြေနေတဲ့ပစ္စည်းတွေကြောင့် ဝင်လာလာချင်းကတည်းက အခုချိန်ထိ မျက်လုံးပြူးမျက်ဆံပြူးဖြင့် လှည့်ပတ်ကာ စူးစမ်းကြည့်နေသည့် Mark

သူ အံ့သြလည်း အံ့သြချင်စရာပါပဲ ... ဧည့်ခန်းတစ်ခုလုံး ဒုတိယကမ္ဘာစစ်နဲ့ပေါင်းပြီး Hurricane မုန်တိုင်း ရောတိုက်သွားသလို ရစရာမရှိအောင် ပွစ'လံကြဲနေတာကိုး

FASCINATIONWhere stories live. Discover now