Fasc: 9

3.8K 291 24
                                    

*Check below for Unicode*
『 Zawgyi 』

ထုံးစံအတိုင်း ဒုတိယချိန်းဆိုမှုဆိုတာ ဖြစ်တည်လာပြီး Mr.Perthဟာဆိုရင် သူနဲ့အတူရေကူးရန် အဖော်လုပ်ပေးပါဟူ၍ တစ်ချက်လွှတ်အမိန့်ဖြင့် သူပိုင်တဲ့ 5starsအဆင့်မြင့် ဟိုတယ်တစ်ခုတွင်ရှိ ရေကူးကန်ဘက်တွင် ချိန်းထားသောကြောင့် ... ထိုနေရာသို့ Saint ကားလေးဖြင့် ရောက်လာခဲ့သည် ။

ထိုလူ့အတွက်သက်သက် ၃နာရီစာကို စိတ်ပါနေခြင်းကင်းမဲ့စွာ သူ့အချိန်တွေ ခဏလာပေးတာဆို ပိုမှန်မည် ။ တစ်ရက်ပြီးတစ်ရက် မြန်မြန်ကုန်လေ ဒီလိုပေးဆပ်နေရတဲ့ဝဋ်မြန်မြန်ကျွတ်လေပဲ ဆိုတဲ့စိတ်သာ သူ့တွင်ရှိသည် ။

ဒါနဲ့ ဟိုတယ်အဆောက်အဦးကြီးရဲ့ တောင်ဘက်အခြမ်းသို့ လျှောက်လာခဲ့တော့ နားကိုအေးသွားသည်အထိ တိတ်ဆိတ်ငြိမ်သက်လျက် ...

တိုက်ခတ်သွားတဲ့ လေပြေကြောင့် လှုပ်ခါသွားတဲ့ မြက်ခင်းစိမ်းလေးတွေ၊ ကျောက်တုံးကျောက်ခဲပုံ အထပ်ထပ်တွေကြားကနေ ထွက်လာတဲ့ ရေတံခွန်လေးတွေနှင့်အတူ ...
ကြည်လင်သန့်ရှင်းနေပြီး နေရောင်ကြောင့် ရောင်ပြန်၍ တစ်လက်လက်ထ'နေတဲ့ ရေကူးကန်...

ဘေးပတ်ပတ်လည်တွင် အပန်းဖြေဖို့ရန် ကမ်းခြေဆန်ဆန် အုန်းပင်များတစ်ချို့နှင့် ပက်လက်ကုလားထိုင်လေးတွေလည်း ရှိတာကြောင့် အပန်းဖြေရအောင် သူ့ကိုဆွဲဆောင်နေသလို ။

ထိုစဉ် သူကြည့်နေတဲ့ ရေကူးကန်ကြီးထဲကနေ အပေါ်သို့ဘွားခနဲ့ ပေါ်လာပြီး ခေါင်းကိုမော့ကာ ရေတွေကြောင့် စိုရွှဲအုပ်ကျနေတဲ့ဆံပင်တွေကို လှန်သပ်လိုက်တဲ့သူ့ပုံစံအရ ... ထိုလူရေငုံ့နေပုံရသည်ဟု Saintသိလိုက်သည် ။

Mr.Perthကတော့ မှန်တွေခြားထားတဲ့ အဆောက်အဦးထဲမှာ ရပ်ကြည့်နေတဲ့သူ့ကိုမြင်ပုံမရ ။ ဒါနဲ့ ဆက်စဉ်းစားမနေတော့ဘဲ ရေကူးဝတ်စုံလဲရန်အတွက် ထိုနေရာမှ Saintလှည့်ထွက်သွားသည် ။

~~~~~~~~~~~~~~

Perth ဟိုဘက်ဒီဘက် ရေအပြန်အလှန်ကူးခတ်နေရင်း အနောက်မှ အသံတစ်ခုကြောင့် ရေကူးတာရပ်လိုက်ပြီး အကြည့်တွေပို့မိတော့ ... သူနှင့်ရေကူးကန်ဘက်ဆီ လျှောက်လာနေတဲ့ Bathrobeလေးနဲ့ အရပ်ရှည်ရှည်ကောင်လေးကို မြင်လိုက်ပြီးနောက် ... နှစ်လိုဖွယ်မဲ့ပြုံးလေးဟာ သူ့မျက်နှာပေါ်ဖြစ်တည်လာသည် ။

FASCINATIONWhere stories live. Discover now