Fasc: 34「Unicode」

411 48 6
                                    

- ၃ပတ်ဆိုတော့ အရမ်းမသိသာသေးဘူး... မင်းရဲ့ကိုယ်ဝန်ကို အချိန်ရှိတုန်း ဖျက်ချလိုက်ပါ

- ရှင်!!!

မျဉ်းနီနှစ်တန်း ဖော်ပြနေတဲ့ ကိုယ်ဝန်စစ်တဲ့အချောင်းလေး လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်... မထင်မှတ်စွာ ကြားလိုက်ရတဲ့စကားကြောင့် အံ့သြတုန်လှုပ်သွားတဲ့ သူမရဲ့မျက်လုံးထဲမှာ... ကြေကွဲစရာ မျည်ရည်စတွေ တစ်စတစ်စ ပြည့်နှက်လာသည် ။

- ရှင်--ရှင်ဘယ်လိုပြောလိုက်တာလဲ?! ဒီလိုစကားတွေ ဘယ်လိုလုပ် ရှင့်ပါးစပ်ကနေ ပြောထွက်နိုင်ရတာလဲ?! ဒါ ရှင့်နဲ့ရတဲ့ ကလေးလေ!! ကျွန်မတို့နှစ်ယောက်ရဲ့အသွေးအသားတွေ ရောနှောနေတဲ့ ဒီအဖိုးတန်ရင်သွေးလေးကို လူလားမြောက်အောင် ဂရုတစိုက်ပြုစုပျိုးထောင်ချင်တာ ကျွန်မရဲ့တစ်ခုတည်းသော အိမ်မက်ပဲ

- ကိုယ် မင်းရဲ့ခံစားချက်တွေကို နားလည်သဘောပေါက်ပြီးသားပါ... ဒါပေမဲ့ အခု ကိုယ်တို့က လက်မထပ်ရသေးဘူးလေ... လက်မထပ်သေးဘဲ ကလေးမလိုချင်သေးဘူးNida... ပြီးတော့ ကိုယ့်မိဘတွေရဲ့ကုမ္မဏီကို လက်လွှဲဦးစီးနိုင်ဖို့အတွက်... ကိုယ့်အဖေရဲ့ယုံကြည်မှုကိုလည်းရအောင် ပင်ပင်ပန်းပန်းကြိုးစားနေဆဲ ကာလမို့ တာဝန်ယူဖို့ကျ မစွမ်းဆောင်နိုင်သေးလို့ပါ... လက်ထပ်ပြီးခါကျမှ သေချာယူရအောင်ကွာ... နော်

- ကျွန်မမယုံနိုင်ဘူး ရှင်ဒီလိုစကားတွေ လွယ်လွယ်ပြောထွက်လိမ့်မယ်လို့! ရှင်က ရှင့်အတ္တကိုပဲ အမြဲရှေ့တန်းတင်တယ်... ကျွန်မဗိုက်ထဲက အပြစ်မရှိတဲ့ကလေးကိုရော မငဲ့တော့ဘူးလား?!!

မျှော်လင့်ချက်တွေကင်းမဲ့၍ မတ်တတ်ရပ်နိုင်စွမ်းလည်းမရှိ ပြိုလဲကျသွားလျက် သူ့ချစ်သူရှေ့၌ပင် ရင်နာစွာ ငိုကြွေးမိတော့သည် ။

Nida Wongwiboon ဆိုတာ သာမန်မိသားစုက ပေါက်ဖွားလာတဲ့... မာန်မာနတွေမရှိဘဲ နူးညံ့ဖြူစင်တဲ့ အေးအေးချမ်းချမ်းမိန်းကလေးတစ်ယောက် ။ အချစ်ကိုလည်း ယုံကြည်ကိုးကွယ်ကာ... အချစ်စစ်နဲ့တွေ့ရင် ကျန်တာ ဘာမှမမြင်တော့တဲ့၊ တစ်ခါချစ်ရင် တစ်ဘဝစာလို့ သတ်မှတ်ထားသော သူမ ။

FASCINATIONWhere stories live. Discover now