Fasc: 18

3.2K 270 72
                                    

*Check below for Unicode*
『 Zawgyi 』

Tanapon ကုမ္မဏီ၌ ကိုယ်ပိုင်ရုံးခန်းထဲတွင် Perthတစ်ယောက် ... မနက်ကနေ တစ်နေ့လုံး ဖိုင်တွဲတွေအထပ်လိုက်နှင့် အလုပ်တွေစီစစ်နေရာမှ အခုလေးတင်ပြီးသွား၍ ...
ထိုင်ခုံနောက်မှီပေါ် မှီချလိုက်ကာ မျက်လုံးတွေမှိတ်ထားရင်း ငြိမ်ငြိမ်လေး အနားယူနေမိသည် ။

ခဏတာ မျက်ဝန်းတွေမှိတ်ထားရုံဖြင့် အမှောင်ကျနေသည့် အမြင်အာရုံထဲမှာပင် ထိုကြောင်ရိုင်းလေးရဲ့ပုံရိပ်တို့ဟာ အလုအယက် ဝင်ရောက်နှောက်ယှက်လို့လာခဲ့၍ Perth ပင်ပန်းနေရာမှ ရအောင်ပြုံးမိပြန်သည် ။

ကြောင်ရိုင်းလေးဆိုမှ သူတို့ကျောင်းactivityအတွက် အဖွဲ့လိုက် Expressကားကြီးတွေဖြင့် ခရီးထွက်ကြတာ Saintက အဲ့ဒီထဲတွင် volunteer seniorတစ်ယောက်အနေနဲ့ ပါသွားလေရဲ့ ။

အဲ့ဒါ ဒီနေ့ညနေလောက် ပြန်ရောက်ကြမှာကို Perthသိထားတာကြောင့် ... Saint ကိုတွေ့ချင်စိတ်တွေက ထိန်းမရတော့ပြီမို့ သူ့ကျောင်းဆီသို့ လိုက်သွားမည်ဟူ၍ တွေးလိုက်ပြီး ရုံးကိုစောဆင်းလိုက်သည် ။

ကျောင်းထဲ Perthအရင်ရောက်နှင့်နေပြီ ကားပေါ်မှာထိုင်စောင့်တုန်း ... ခဏအကြာ သူရပ်ထားတဲ့ car parkingဝင်းထဲသို့ Expressကား ၃စီးဟာ ရှေ့ဆင့်နောက်ဆင့် ထိုးရပ်လာကြသည် ။

ကားထဲမှ volunteerကျောင်းသား/သူတွေ အကုန်လုံးဆင်းလာကြတော့ Perthမရမက သူ့ကြောင်ရိုင်းလေးကို လိုက်ရှာကြည့်မိသည် ။

တွေ့ပြီ ! သူလေးက အခုမှဆင်းလာတာ ပြီးတော့ နောက်လှည့်ကာ ကားတံခါးပေါက်မှ ဆင်းလာနေသည့် ကောင်မလေးရဲ့လက်ကို တွဲကိုင်ထားတဲ့မြင်ကွင်းကြီးဟာ Perthကို ဘဝင်မကျဖြစ်စေသည် ။

Saintတစ်ယောက် ကားပေါ်ကမဆင်းခင် အပြင်ဘက်ဘေးဘီကို လျှောက်ကြည့်မိတော့ Mr.Perthရဲ့ကားကို တွေ့လိုက်ရပြီးနောက် အံ့သြမှုတွေနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အကြံတစ်ခုက သူ့ခေါင်းထဲဝင်လာ၍ နှုတ်ခမ်းတစ်ဖက်ကော့တက်ရုံမျှ ပြုံးမိသည် ။

ထိုအချိန် ... ကားပေါ်ကနေ မဆင်းသေးဘဲ အထုပ်အပိုးတွေဖြင့် ဘယ်လိုသယ်ရမလဲ တစ်ယောက်တည်းပျားတုပ်နေတဲ့ ကောင်မလေးဆီသွား၍ ...
သူမရဲ့အထုပ်တွေကို ကူသယ်ပေးလိုက်တော့ ထိုကောင်မလေးရဲ့မျက်လုံးတွေ ဝင်းလဲ့သွားပြီး သူ့ကိုကျေးဇူးတင်ကြောင်းပြောလာသည် ။

FASCINATIONWhere stories live. Discover now