Fasc: 15

4.4K 265 57
                                    

*Check below for Unicode*
『 Zawgyi 』

WARNING : Adult scenes

- ကျနော်တို့ ဒီည ချစ်ကြရအောင်...

- ဘာရယ်?

အရည်လဲ့နေသော မျက်ဝန်းတစ်စုံဟာ ဆွဲဆောင်မှုရှိစွာ မှေးစဉ်းထားလျက် "ဒီည ချစ်ကြရအောင်"ဆိုတဲ့စကားအသံဖျော့ဖျော့လေးကြောင့် Perth ရင်ထဲ ဝုန်းဒိုင်းကြဲသွားရကာ သူရဲ့အသက်ရှူသံတွေဟာလည်း သိသိသာသာ ပြင်းထန်လို့လာရသည် ။

အရက်သုံးခွက်သောက်ထားတဲ့အရှိန်ကြောင့် မူးဝေဝေဖြစ်နေသော်လည်း အသိစိတ်ရှိနေသေးတာမို့ Perth မလှုပ်မရက်နှင့် ... Saintရဲ့အရည်ရွှန်းနေသော မျက်လုံးတွေထဲ သေချာစိုက်ကြည့်ရင်း တိတ်တဆိတ် အဖြေရှာနေမိတယ် ။

~~ သူဘာလို့ ဒီလိုစကားမျိုးပြောရသည်လဲ? ဒီအတိုင်း မူးနေလို့ လျှောက်ပြောနေသည်မလား? ~~

အမှန်တိုင်း ပြောရရင် အခုလိုအခြေအနေမျိုးမှာ Perth ဒီလိုလုပ်ဖို့ လုံးဝစိတ်ကူးမရှိ ... မူးဝေနေတဲ့သူ့ကို အခွင့်အရေးမယူချင်တာ အမှန်ပင် ...

~~ ကိုယ့်အပေါ်ထားရှိတဲ့ သူရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား မလုပ်ချင်တာ ~~

အရင်တုန်းက မိန်းမတွေနဲ့ အတူနေခဲ့ဖူးတာ မှန်ပေမဲ့ ... အခုဟာက ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့သူမို့ လုံးဝ အခြေအနေချင်းကမတူတာကြောင့် အလေးထားပြီး ဂရုတစိုက် ဆင်ခြင်နေမိသည် ...

- နော်လို့ P'Leo~

နောက်ဆက်တွဲကြားလိုက်ရတဲ့ နာမည်နာမ'ကြောင့် Perthရင်ထဲ ဆို့နစ်သွားသလို.. အရှိုက်ထိပြီး နာကျင်လှသည် ...

အဆုံးစွန်ထိ သူ့ချစ်သူကိုပဲ တစ်ချိန်လုံးတမ်းတ မြင်ယောင်နေခဲ့တာပါလားဆိုတဲ့ အသိကလည်း Perthကို ညှင်းဆဲပြီး အသေသတ်နေသလိုပင် ... ခံပြင်းစေသည်

- မဟုတ်သေးဘူး Saint ... ကိုယ်က မင်းထင်ထားတဲ့သူမဟုတ်---

- ဟင့်အင်း~ လုပ်ပါလို့~~ ။ ဘာလဲ Baeကို မလိုချင်ဘူးလား ?

ဝမ်းနည်းစိတ်ကြောင့် ... သူ့အဖြေကိုစောင့်နေရှာတဲ့ချစ်ရသူကို အသာငုံ့ကြည့်ပြီး ငြင်းပယ်လို့ပင် မပြီးသေး ...
လှုပ်လှုပ်ရွရွဖြစ်လာပြီး စိတ်မရှည်စွာ ပြောလာတဲ့ အောက်တွင်ရှိကောင်လေးကြောင့် ... Perth အကြပ်ရိုက်နေမိသည် ။

FASCINATIONWhere stories live. Discover now