Fasc: 11

3.9K 293 35
                                    

*Check below for Unicode*
『 Zawgyi 』

Saint ... သူ့ကားကို car parkingနေရာမှာ သေချာထိုးရပ်ခဲ့လိုက်ပြီး ကားထဲကနေ စတိုင်ကျကျ ဆင်းလာခဲ့လိုက်သည် ။

ထို့နောက် မျက်နှာချင်းဆိုင်ရှိ ကြီးမားလှတဲ့ Billiard club အဆောက်အဦးကြီးကို မော့ကြည့်လိုက်ပြီး ... မျက်နှာထား ခပ်တင်းတင်းဖြင့် အဆောက်အဦးထဲသို့ ဝင်လာခဲ့လိုက်သည် ။

Mr.Perthပြောထားတဲ့ 5ထပ်သို့ တက်လာခဲ့ပြီး တံခါးကြီးကို ဆွဲဖွင့်လိုက်တော့ ... ထိုအထပ်မှာဖြင့် Billiard table တွေ တန်းစီရှိနေပြီး တစ်ခုနှင့်တစ်ခုကို သံဇကာလို နံရံတွေ ခြားထားသည် ။

- Billiard clubသာဆိုတယ် Night clubနဲ့ နင်လား ငါလားပဲ

Saint အပြင်အဆင်တွေ လေ့လာစူးစမ်းကြည့်ပြီးပြောမိသည် ။ သူလည်း တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဘိလိယက်ထိုးဖူးပါတယ် ။ ဒါပေမဲ့ ဒီမှာတော့ တစ်ခါမှလာမဆော့ဖူးပေ ။

- Hey ကြောင်ရိုင်းလေး~

Hallခန်းသာသာ အခန်းကြီးထဲရှိ Billiard tableတွေ တစ်ခန်းပြီးတစ်ခန်း ဖြတ်လျှောက်၍ စူးစမ်းလိုစိတ်ဖြင့် ဟိုဒီကြည့်နေရင်း ... ခေါ်သံကြောင့် အသံလာရာကြည့်မိတော့ တစ်နေရာမှာ တစ်ဝိုင်းကစားနေတဲ့ ထိုလူကို မြင်လိုက်ရသည် ။

ဒါနဲ့ မဆိုင်းမတွ .. သူ့ဆီကိုပဲ တန်းသွားလိုက်ကာ သူကစားနေတဲ့ tableနားအရောက် ... ဘေးတွင်ရှိ သံဇကာနံရံတွေဆီသို့ မှီရပ်လိုက်ကာ လက်ပိုက်ထားလျက် ...
tableရဲ့အခြားတစ်ဖက်တွင်ရှိ သူ့အဖော်လားမသိ ... အဲ့တစ်ယောက် ဘိလိယက်ထိုးနေတာကို ကြည့်ရင်း သူ့အလှည့်ရောက်ဖို့ cue stickကိုကိုင်ကာ စောင့်နေတဲ့ Mr.Perth ကို လှမ်းကြည့်လိုက်သည် ...

- ခင်များကစားတာကို ကြည့်ဖို့ ကျနော့်ကိုခေါ်လိုက်တာတော့ မဟုတ်ဘူးမလား ? ကျနော့်က အဲ့လောက်အားယားနေတဲ့ပုံ ပေါက်တယ်ပေါ့ ?

- အဟက်... မင်းက ဘယ်လိုထင်လို့လဲ ? မင်းချစ်သူနဲ့တောင် မင်းရဲ့အချိန်တွေထဲက အများကြီးဖဲ့ပေးနိုင်သေးတာပဲ

- ခင်များမဆိုင်တာတွေ လျှောက်ပြောမနေပါနဲ့ ... ကျနော်က ကိုယ့်ချစ်သူမို့လို့ အချိန်ပေးတာ ဘာထူးဆန်းလို့လဲ ? ပြီးတော့ ခင်များနဲ့ကျနော်ရဲ့ အကန့်က သက်သက်စီပဲ ... ခင်များ ရောချင်ရင်တောင်မှ ရောခွင့်မရှိသလို ကျနော့်ဘက်ကလည်း ရောခွင့်မပေးနိုင်ဘူး

FASCINATIONWhere stories live. Discover now