Fasc: 6

3.4K 310 32
                                    

• Check below for Unicode •
『 Zawgyi 』

* ဒေါက်...ဒေါက်...ဒေါက် *

အသံလာရာ တံခါးပေါက်ဆီသို့ မျက်လုံးလေးတွေစွေစောင်းကြည့်လိုက်ပြီးနောက် တဖန် အပြုံးလေးဖြင့် Perthကိုပြန်ကြည့်လိုက်သည့် Saint

- အဟင်း~ ကြည့်ရတာ Mr.Perth အလုပ်မအားဘူးထင်တယ် ... ခင်များရဲ့တန်ဖိုးရှိလှတဲ့ အလုပ်အချိန်တွေကို ကျနော်ကြောင့် အနှောင့်အယှက်မပေးတော့ပါဘူး

- မ မဟုတ်...ခဏ---

Perthပြာပြာသလဲနှင့် ဘာပြောရမလဲမသိ ... အခြေအနေတွေက ဟိုဘက်လိုက်ရမလို ဒီဘက်လိုက်ရမလိုဖြင့် စိတ်တွေစတင်ရှုပ်ထွေးနေရပြီ

ဒါပဲလေ ... Saintဟာ အစကတည်းက သူ့ကို အဲ့လို ဘာလုပ်ရမှန်းမသိ ရောက်ယက်ခတ်သွားတာမျိုး ဖြစ်သွားစေချင်တာ ...

- ဒါဆို လျော်ကြေးကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့ ... ကျနော် သွားတော့မယ်

အပြုံးမပျက် ပြောပြီးပြီးချင်း သူ့အနားကနေ ခွာလိုက်တာကြောင့် တားချိန်မရလိုက်တဲ့Perth ... ဒေါသထွက်ထွက်နှင့်သူ့အတွင်းရေးမှူးမကို စိတ်ထဲကနေ အပြစ်တင်နေလိုက်သည်

~~ဒီ Mrs.Secretaryမ'ကတော့...!! အတန်တန်ပြောထားလည်း နားဖာမပေါက်ဘူး။ လွန်ခဲ့တဲ့နာရီပိုင်းကတည်းက အရေးကြီးတဲ့ကိစ္စမရှိရင် လုံးဝလာမနှောက်ယှက်နဲ့လို့ ပြောထားရဲ့သားနဲ့~~

အပြင်ဘက်ကလည်း...ရုံခန်းထဲက အချိန်တစ်ခုအထိ ဘာမှတုံ့ပြန်သံ မကြားသောကြောင့် ... မကြားဘူးထင်၍ နောက်တစ်ခါထက်ပြီး ဆင့်ခေါက်နေလေရဲ့

Perth ရေရေရာရာ ဘာလုပ်ရမယ်မှန်းမသိ ။ အခုချိန်မှာ Saintကိုလည်း ပေးမသွားစေချင်တာ အမှန် ။ အပြင်ကလည်း ဘာကိစ္စမှန်းလဲမသိ ။

Saintကိုကြည့်လိုက်တော့ ကျောပေးကာ လှည့်ထွက်လို့ တံခါးပေါက်နား ရောက်နေပြီဖြစ်သည်

ဒေါသကြောင့် စိတ်တွေရှုပ်ထွေးနေသည့်ကြားမှ ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ ထပ်ပြီးစဉ်းစားမနေတော့ဘဲ ထိုင်ရာမှထကာ ထိုနေရာဆီ ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး ... တံခါးပေါက်ဖွင့်ရန် ပြင်နေတဲ့ Saintလက်ကောက်ဝတ်တစ်ဖက်ကို ဆောင့်ဆွဲလှည့်လိုက်ကာ ချက်ချင်း သူ့ကို နောက်ကတံခါးပေါက်ဆီသို့ အားဖြင့် ဆွဲကပ်ပစ်လိုက်သည်

FASCINATIONWhere stories live. Discover now