"မေမေတို့ကို သား မလိုက်ဘူးလို့ ပြောသားပဲ။သား တကယ်မလိုက်ချင်ဘူး။ဒီမှာပဲ ကျောင်းတက်မယ်လို့"ပြောသာပြောနေတာ။ ဖုန်းလေးက ဘေးမှာချကာ စပီကာဖွင့်လျက်။ သူကတော့ မှာထားသော အစားအသောက်တွေကိုသာ အားရပါးရ စားနေ၏။
"မေမေ့ သား ပြာတလူးစိန်လေးကို မေမေက ဘယ်လိုလုပ်ထားခဲ့ရမှာလဲ။စိတ်မချဘူး။"
"ဘာစိတ်မချစရာရှိလို့လဲ မေမေရာ။သား ကလေးမှ မဟုတ်တာ."
"အေး ကလေးမဟုတ်လို့လေ။ ကလေးသာဆို အတင်းခေါ်သွားလိုက်မှာ။ အခု သားလိုမျိုး ထွက်ပြေးနေမှာ မဟုတ်ဘူး။အခုရော ဘယ်မှာလဲ"
"ဟိုတယ်မှာ ညစာ စားနေတယ်။အခန်းထဲမှာပဲ"
ပလုတ်ပလောင်းနှင့်ဖြေသံကိုကြားပြီး မေမေ သက်ပြင်းချသံကိုကြားရသည်။ နေ့လည်က ဖေဖေ့ ခိုင်းထားသောလူတွေက သူ့ကိုအတင်းလိုက်ခေါ်နေတော့ သူထွက်ပြေးရင်း Blue Ice ထဲမှာတောင် ပြဿနာတက်သေး။ အနောက်က လိုက်လာနေတော့ သူ့မှာ သေချာတောင်မတောင်းပန်ခဲ့ရ။
"မေမေရာ...အရင်လည်း သား ဒီလိုပဲနေ နေတာပဲ ဒုတိယနှစ်တွေလည်းဖွင့်နေပြီ။သား ကျောင်းအပ်ရဦးမှာ.."
"အရင်က သား ဘွားဘွားရှိတယ်လေ။ ခု..ဂန်းဝန်းဒိုမှာ သားလည်းမနေချင်ဘူးမလား"
ဘွားဘွားဆိုတဲ့စကားကြားတော့ သူ မျက်ရည်ဝဲ၏။ကျလုကျခင် မျက်ရည်တွေ ကို အသာပုတ်ခတ်လိုက်ပေမယ့် ပေါက်ခနဲကျလာသည်။
"BaekHyunee...."
"မေမေတို့လာတော့မှာ မလား သား ဒီမှာပဲစောင့်နေမယ်.."
ဖုန်းအရင်ချလိုက်သည်။စားလက်စတွေလည်း မ၀င်တော့။ရင်ထဲဆို့နင်လာတာ နဲ့အတူ BaekHyun တစ်ယောက် ရှိုက်ကြီးတငင် ထိုင်ငိုလိုက်သည်။ ဖေဖေ မြင်ရင် မရင့်ကျက်ဘူးပြောမှာမြင်ယောင်၏။ ဘွားဘွား ဆုံးသွားတဲ့ သုံးရက်လောက်ထိ သူ ဘာမှ စားမ၀င်ခဲ့လို့ အားဆေးတွေသွင်းရသေးသည်။ သူ ကိုရီးယာပြည်မှာ ခင်တွယ်တဲ့ တစ်ဦးတည်းသော အဘွားမရှိမှတော့ သူ ဒီမှာ ဆက်နေစရာအကြောင်းမရှိတော့ပါ. ဒါပေမယ့် သူ အမေရိက ကိုလိုက်မသွားချင်။ အခြေမချချင်။ ငယ်ကတည်းက သူ့စိတ်ကူးက ကိုရီးယာမှာပဲ ခြေချဖို့သာ...
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။