မနေ့ညက ဧည့်ခံပွဲလည်း မသွားလိုက်ရခြင်းကြောင့် ဖခင်ဖြစ်သူ၏ ဆူပူခြင်းကို ခံရသည်မှာ ဖေဖေ ခေါ်ခိုင်းတာ မှန်ကန်ကြောင်း Kim JongIn ၏ စကားကို အမှန်ဖြစ်စေလေသည်.။ ဒါပေမယ့်လည်း KyungSoo ပြန်ပြောလိုက်မိသည်.။ ပွဲမသွားဖြစ်တာ ကိုယ် လုပ်တာမှ မဟုတ်တာ. ။Kim JongIn က BaekHyun ကို ဆေးရုံလိုက်ပို့ပြီးဘယ်အချိန်ပြန်လာလဲမှ မသိ။
ခု စားပွဲတွင်ထိုင်ကာ စာလုပ်နေရင်း စဉ်းစားမိနေသည်က မနက်က ဖေဖေ ပြောခဲ့သော စကား…….။
*** မင်း ကို လာခိုင်းတာ အကြောင်းမဲ့ မဟုတ်ဘူး. KyungSoo ။ ငါတို့ Shopping mall လုပ်ငန်းစု အသစ် မှာ Kim JongIn ထည့်ထားတဲ့ share တွေ အများကြီးပဲကွ… ဒါပေမယ့် မင်း မသိတာ တစ်ခုရှိတယ်.။ အဲ့ share တွေ အားလုံးက Do KyungSoo ဆိုတဲ့ မင်းနာမည်နဲ့ပဲ.။ လတ်တလော share အရ မင်းက အဲ့လုပ်ငန်းရဲ့ပိုင်ရှင်ပဲ.ဆွေးနွေးပွဲလိုမျိုးလုပ်တာ မင်းတို့မလာတော့ jongIn ရဲ့အတွင်းရေးမှူးကပဲ စီစဉ်သွားတယ်.။ အမှန်အတိုင်းပြောရရင် သူ အဲ့လောက်ထိ လုပ်ပေးမယ်လို့ မထင်ထားဘူး.။ပြောရတာ မျက်နှာပူပေမယ့် ကြည့်ရတာ မင်းကို တော်တော်ချစ်ပုံရတယ်.******
အချစ် ??? အဟား Kim JongIn နှင့် မသက်ဆိုင်သည့် စကားလုံးပဲ မလား.။ အနိုင်ယူမယ် အတ္တကြီးမယ် လိုချင်တာရအောင်ယူမယ် ဆိုတဲ့ အတ္တတွေကသာ Kim JongIn ရဲ့ပုံရိပ်.။ ဒါပေမယ့်လည်း ကြည့်ရတာ အဲ့အတ္တတွေက Byun BaekHyun အပေါ်တော့ သက်ရောက်ပုံမရ.။
“ဘာလုပ်နေတာလဲ ညနေစောင်းနေပြီ ထမင်းမစားသေးဘူးလား.??”
ရုတ်တရက် အသံကြောင့် အနည်းငယ် လန့်သွားသည်ကိုတော့ ၀န်ခံ၇မည်.။ ဧည့်ခန်းထဲက စားပွဲမှာပဲ ထိုင်နေသည်ကြောင့် ပြန်လာသော သူက တန်းမြင်သွားပုံရသည်.။
“ခင်ဗျား ဘာသာ စားချင်စားပေါ့”
“မင်းလေးကလည်းကန့်လန့်တိုက်မယ်ဆိုတာချည်းပဲ.”
ပြောရင်း အနားမှာ လာထိုင်လေတော့ KyungSoo ဘေးဘက်နည်းနည်းကပ်မိသည်.။ဒါကို သူက ထပ်ကပ်လာသည်.။
“အမေ့!! ”
ထပ်ကပ်မည်ကြံတုန်းရှိသေး သူက ခါးကနေ လှမ်းဖက်ကာ သူ့ဘက်ဆွဲယူလိုက်တော့ KyungSoo က သူ့ရင်ခွင်ထဲ အော်တိုရောက်သွားသည်.။
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။