အခန်း၏ ချောင်းကြည့်ပေါက်နေမြင်နေရသည့် ကောင်ငယ်လေး နှစ်ယောက်၏ ကြမ်းပြင်ပေါ် မေ့လဲနေပုံကို ကြည့်ပြီးမှ Jung Woo လက်တွေ ဖုန်း screen ပေါ် ပြေးလွှားလိုက်သည်.။တံခါးဝက အစောင့်နှစ်ယောက်ကို သေချာမှာကာ ဧည့်ခန်းထဲထိ လျှောက်လာလိုက်သည်.။
##Kim JongIn Shi !!! ကျူပ် Jung Woo ပါ.မှတ်မိလား.။ ကျူပ်လက်ထဲက မြေကွက်ကို ဖြတ်လုသွားတာလေ.။ခု မင်း သွေးပျက်နေပြီထင်တယ်. ။ မင်း ယောကျာ်းလေး က ကျူပ်လက်ထဲမှာဆိုတော့--သြော် အစစ်အနေနဲ့ ကောင်ချောလေး တစ်ယောက်ပါသေးတယ်ဗျာ..##
*** ခင်ဗျား..-သူတို့ကိုထိရဲထိကြည့် ခင်ဗျား လုပ်ငန်းစုတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်မယ်. ***
## ဟား ---ဟား--- အပြောလေး လျှော့ပါဦးဗျာ..။ မင်းကို ဘယ်လိုပြန်အနိုင်ယူရမလဲ ကျူပ်တစ်ချိန်လုံးစဉ်းစားနေတာ.။ မင်း ဒုက္ခပေးတဲ့မြေကွက်ကိစ္စနဲ့ကျူပ်က ပြည်ပမှာ ဒုက္ခများနေရတော့ မင်္ဂလာဆောင်တာ မသိလိုက်ဘူး.။အဟက်… ယောကျာ်းလေးကို အတော်ချစ်ပုံရတယ်.။ အသံကိုကကြောက်စရာကြီး..။###
** အပိုတွေ ကွေ့ပတ်ပြောမနေနဲ့ .ခင်ဗျား ဘာလိုချင်တာလဲ.ရှင်းရှင်းပြော **
တစ်ဖက်က အံတင်းတင်းကြိတ်ကာ ပြောနေရပုံကြောင့် Jung Woo သဘောတကျရယ်ဖြစ်လိုက်သည်.။တကယ်ပဲ Do KyungSoo က Kim JongIn ကို ကိုင်လှုပ်နိုင်သည်ပဲ..။
## ကောင်းပြီလေ..ပြောရမယ်ဆို မင်းခု လုပ်ငန်းအသစ်ရဲ့ ရှယ်ယာတွေ အကုန်လုံး ကျူပ်နာမည်နဲ့လွှဲပေး.။အင်း--- မင်းယောကျာ်းရဲ့ အသက်က လုပ်ငန်းတစ်ခုစာတော့ တန်တယ်မလား.##
** ခင်ဗျား ထိရဲထိကြည့်နော်.**
### ပြည်ပမှာလူသတ်တာတောင်လုပ်လာပြီးပြီ.။ကျူပ်မလုပ်ရဲတာ ဘာမှမရှိဘူး Kim JongIn ။ မယုံရင် Do KyungSoo နဲ့ ကောင်ငယ်လေးရဲ့အလောင်းကိုလာကောက်လိုက်.။ဘာမှ ဂရုမစိုက်ဘူး အကုန်သတ်ပစ်မယ်.။ ###
** တောက် !!!! ဘယ်လာရမလဲ ပြော !!! ***
## ကျူပ်လိပ်စာ message ပို့ပေးလိုက်မယ်။ ဘာဘာညာညာတွေ ခေါ်လာဖို့ မစဉ်းစားနဲ့နော်.။ ကျူပ်သေနတ်က လူမရွေးဘူး.။##
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။