Part-21

5.2K 452 18
                                    

မတွေ့ရသည့် ရက်အပိုင်းအခြားအတွင်း BaekHyun ဆီက ကြားရသည့် သတင်းကြောင့်JongIn စိတ်ထဲလေးလံသွားရ သည်.။ Chanyeol နှင့် သမီးရည်းစားတွေဖြစ်နေကြပြီ ဟူသည့် အသံလေးက ၀မ်းသာပျော်မြူးနေပုံရ၏။ JongIn လည်း ဘာပြန်ပြော ရမှန်းမသိပါ.။ Park Chanyeol စိတ်ကိုတော့ အဆုံးသိမသိနိုင်သော်လည်း ထိုသူ BaekHyun ကို အသုံးချကာ JongIn ကို တိုက်ခိုက်နေသည်ကတော့ သေချာမည်သာ.။

“Kim JongIn Shi !! ”

ခပ်ကျယ်ကျယ်ထွက်ပေါ်လာသော အသံကြားမှ  အလုပ်စားပွဲမှာထိုင်ကာ အတွေးများနေရသော JongIn သတိဝင်သည်.။ကြည့်လိုက်တော့ စာကြည့်ခန်း တံခါးဝနားတွင် ၀က်ဝံရုပ်ညိုကိုပိုက်ထားပါသော Do KyungSoo. ။ ကြည့်ရသည်က ထိုဝက်ဝံရုပ်ညိုကို Kyung က တော်တော်ကြိုက်ပုံရသည်.။ ညအိပ်ရာဝင်တိုင်းမလွတ်တမ်းဖက်ထား လေ့ရှိ၏ ။ ခုလည်း ည၀တ်ဝမ်းဆက်နှင့် ကလေးငယ်ရုပ်ပေါက်နေပါသော ထိုကောင်လေးကို ကြည့်ကာ တစ်နေ့လုံးပင်ပန်းခဲ့သမျှ BaekHyunee အတွက် စိုးရိမ်မိနေသမျှက အတန်ငယ်ပေါ့ပါးသွားရသည်.။

တကယ်ပါ.။
မင်းကကိုယ့်ရဲ့အားဖြည့်ဆေး….။

“ခေါ်နေတာကြာလှပြီ.”

“အင်း ဆောရီး  Kyung လာလေ..”

“ခင်ဗျား ဟိုရက်ပိုင်း နေမကောင်းဘူးဆိုလို့ မေမေက ဒီနေ့ အားရှိအောင်ဆိုပြီး ကြက်ပေါင်းစွပ်ပြုတ် ပို့ထားပေးတယ်.။အဲ့ဒါ ညနေကတည်းက ကျွန်တော် ပြောဖို့မေ့သွားလို့.။ ဟို~~~ ခုလည်းသိပ်ညဥ့်မနက်သေးဘူးမလား.။ သောက်မလား..။”

သူ မေ့သွားသည်ကြောင့် အားနာစဖွယ်ဟန်ဖြင့် အခန်းထဲလည်း ၀င်မလာပါဘဲ ပြောနေသည့် ကောင်လေးကို ချစ်စနိုးပြုံးကြည့်လိုက်သည်.။

“အင်း သောက်မယ်လေ.။ မင်းလည်းအောက်ဆင်းခဲ့.။ကိုယ်တစ်ယောက်ထဲတော့ မသောက်ချင်ဘူး.”

နောက်ဆုံးတော့ JongIn နှင့် KyungSoo နှစ်ယောက်သား ထမင်းစားခန်းထဲသို့ရောက်လာကြသည်.။ JongIn က ထိုင်ခုံမှာ အသာဝင်ထိုင်လေတော့ KyungSoo လက်ထဲက ၀က်ဝံရုပ်ကို ထိုင်ခုံပေါ် အသာတင်၍ ရေခဲသေတ္တာထဲက ကြက်ပေါင်းပြုတ်ဘူးကို ပန်းကန်လုံးထဲ ဖွင့်ထည်ကာ Micro wave ထဲ ထည့်နွှေးပေး၏

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now