Part-13

4.5K 422 3
                                    

ဧည့်ခံပွဲက ပြန်လာပြီး ဂဏှာမငြိမ်ဖြစ်နေသည့် Chanyeol က လက်ကဖုန်းကိုကိုင်ကာ လေသာဆောင်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်.။ ညအိပ်ဝတ်စုံ အ၀ါနုနု ၀မ်းဆက်လေးနှင့် BaekHyun က သက်ပြင်းဖွဖွချကာ Chanyeol နားရောက်လာသည်.။

“ကျွန်တော် JonIn Hyung ကိုဖုန်းဆက်မေးပြီးပြီ Channie .KyungSoo Hyung က အိပ်ပျော်နေပြီတဲ့.။စိတ်မပူနဲ့တော့”

“ကိုယ် စိတ်ပူနေမှန်းမင်းက ဘယ်လိုလုပ်သိတာလဲ.။ ”

“ညနေက ကိစ္စအပြင် Channie စိတ်ပူစရာဘာရှိသေးလို့လဲ.”

သူ့စိတ်ကိုသိနိုင်လွန်းသည်ကြောင့် Chanyeol တစ်ရက်ပြုံးမိသည်.။ နောက်တော့ ခုထိ ပတ်တီးစီးထားဆဲ ခြေထောက်လေးကို အကြည့်ရောက်ကာ--

“ခြေထောက်က ခုထိနာနေသေးတုန်းလား.။မသက်သာရင်တော့ မနက်ဆေးခန်းပြရမယ် BaekHyunee.”

ဆေးခန်းဆိုသည်နှင့် BaekHyun မျက်နှာရှုံ့မဲ့သွားသည်.။အိပ်တော့မယ် ဆိုကာ လှည့်ထွက်သွားလေတော့ Chanyeol က ပုခုံးကိုလှမ်းဖက်သည်.။

“လိုက်ပို့ပေးမယ် လာ-”

“တကယ်လား ?? အဲ့ဒါဆိုလည်း ကျွန်တော့်ခြေထောက်က အရမ်းနာလာလို့လေ..။ ဟို--ပိုးသွားပါလား.”

ရုပ်ကြည့်လိုက်တော့ မချိုမချဉ်ပြုံးနေသည်မို့ Chanyeol က BaekHyun ၏ ဆံပင်တွေကိုတစ်ချက်ဖွလိုက်ကာ.

“အခွင့်အရေး သိပ်ယူတာပဲနော် ခင်ဗျားလေး.”

တဟိဟိရယ်နေသည့် ပေါက်စရှေ့ဒူးထောက်ကာထိုင်ပေးလိုက်တော့ ဒင်းက စွေ့ခနဲ ခုန်တက်လာသည်။ တစ်ချက်ပင့်တင်လိုက်ရင်း Chanyeol ညည်းညူမိသည်.။

“အား--Byun BaekHyun ဘယ်တုန်းက အစားတွေ ဒီလောက် စားထားတာလဲ.။”

“အံမယ် ဒါတောင် ဒီရက်ပိုင်း သိပ်မစားနိုင်လို့ပါနော်.။”

Chanyeol ရယ်မောမိကာ  ၀က်ကိုယ်လုံးလို ဟာလေးကို ပိုးလျက် အပေါ်ထပ်ထောင့်ဆုံးက သူ့အခန်းကို ပို့ပေးရသည်။ကုတင်ပေါ်လည်းတင်ပေးရသည်.။ စောင်ခြုံပေးကာ မီးလည်း မှိတ်ပေးရသည်.။ ဂွတ်နိုက် Kiss ပေးဦး ဆိုလို့လည်း နဖူးပေါ် အနမ်းဖွဖွပေးရသေးသည်။ သူလည်း တကယ်ကလေးထိန်းပုံစံပေါက်နေသေး၏။ တလောက နည်းနည်းလောက် ပစ်ထားမိသလို ဖြစ်တာနဲ့ပဲ ဒင်းလေး ရောင့်တက်လာသည်။ အင်းလေ. အဲ့လိုမှ မဟုတ်ရင်လည်း Byun BaekHyun ဘယ်ဟုတ်ပါ့မလဲ.။
-
-
-
-
KyungSoo နိုးလာလေတော့ အိပ်မှုန်စုန်မွှားနှင့် ထထိုင်မိသည်။ အခန်းတွင်းကို ကြည့်လိုက်တော့လည်း ရင်းနှီးကျွမ်းဝင်နေသည့် နေရာမဟုတ်.။ ဘယ်ရောက်နေလဲကို ပြန်တွေးမိတော့ အကြည့်ကာ အခန်းထောင့်နံရံနားက လူတစ်ရပ်စာ မှန်ဘောင်သွင်း ထားသည့် Kim JongIn ၏ ဓာတ်ပုံကြီးကို မြင်ပြီး ကျောချမ်းသွားရသည်။ ပြီးမှ ငါ လက်ထပ်ပြီးသွားပြီ ဟူသော ခံစားချက်က သနားစဖွယ်ဝင်ရောက်လာသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now