Part-20

5K 453 16
                                    

BaekHyun ရှေ့ကနှစ်ယောက်တွင် Luhan က အပြစ်ရှိသလို မျက်နှာပေးလေးနှင့်ပေမယ့် Sehun ကတော့ ထုံးစံအတိုင်း အချေရုပ်နှင့် bubble tea ကိုတောင် ကောက်သောက်နေလိုက်သေးသည်.။

“အဲ့တော့ ငါ ကခုမှ မင်းတို့နှစ်ယောက်ကြိုက်နေတာကိုသိရတယ်ပေါ့”

“ဟို~ BaekHyunee အဲ့တာက”

“မင်း စိတ်ဆင်းရဲမှာစိုးလို့မပြောတာကွာ.။ ငါတို့က တွဲနေပြီး မင်း တစ်ယောက်ထဲ အထီးကျန်နေမှာစိုးလို့.”

Luhan က Sehun ကို တံတောင်နဲ့အသာတွတ်လိုက်သည်.။ BaekHyun ကလည်း Oh Sehun နှင့်အတူ အချေရုပ်ဖြင့် တရားသူကြီး စတိုင်ဖမ်းနေသည်.။.

“ဘယ်သူက အထီးကျန်မှာလဲ.အပိုတွေ.~~ အဲ့တော့ ခု ဒီကိုလာတာကရော ဘာလို့လဲ??”

“အဲ့ဒါက han က င့ါကို ကောင်မလေးနဲ့အထင်လွဲပြီး စိတ်ဆိုးသွားတာပါကွာ.၊မဟုတ်ရင် မင်းဆီ တူတူလာဖို့ပြောထားတာကို.။ ဂိတ်ကနေ အမြန်ဆင်းသွားတော့ ငါ့မှာအပြေးလိုက်ရတာ.”

Luhan သည် ခုမှ စိတ်ဆိုးနေသည်ကို သတိရသွားသကဲ့သို့ မျက်နှာက စူပုတ်ပုတ်ဖြစ်သွားရသည်.။ BaekHyun အသာပြုံးလိုက်မိသည်.။သူ စချင်လို့သာ တမင်ရစ်နေတာပါ.။ အမှန်ဆို သူငယ်ချင်းလှလှလေး Luhan ကို ဘယ်သူ့လက်ထဲမှ မထည့်ချင်.။ Oh Sehun နှင့်ဆိုလျှင်တော့ စိတ်မချနိုင်ဖွယ်ရာမရှိပါလေ.။ Oh Sehun ဆိုသည်မှာ Xiao Luhan ကို မည်သည့် သူစိမ်းတွေထက်မဆို ပိုမြတ်နိုးသည့်သူ..။

“ဘာပဲဖြစ်ဖြစ်နော်. မင်း ငါ့သူငယ်ချင်းလေးကို တစ်သက်လုံးဂရုစိုက်ရမှာနော်.Oh Sehun”

“Byun BaekHyun တို့ကတော့ သူငယ်ချင်း ချင်းအတူတူကို ခွဲခြားပြန်ပြီ..”

Sehun က ရယ်ကာ ခေါင်းထဲ ဆံပင်တွေကိုလက်ထိုးထည့်လိုက်သည်.။သဘောက သူ ဘာပြောရမှန်းမသိသည့်ပုံ.။ Luhan ကတော့ သဘောကျစွာပြုံးနေခဲ့သည်.။

“BaekHyunee~”

“ဟင် Channie.”

အပြုံးတစ်ခုနှင့်အတူ သူတို့ဝိုင်းတွင် Chanyeol က ၀င်ထိုင်လာသည်.။ ကျောင်းရှေ့က ကန်တင်းလေးမို့ မှန်ချပ်တွေမှတစ်ဆင့် Chanyeol မြင်ခဲ့ပုံရသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now